Banner Top

Member Area

ကမ္ဘာတဝန်းက ပရိသတ်တွေ ပါဝင်တဲ့ ဂီတဗီဒိယိုကို ဖြန့်ချိခဲ့တဲ့ Kim Hyun Joong

Kim Hyun Joong ဟာ သူ့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ "A Bell of Blessing" ကို ၂၀၁၉ခုနှစ်မှာ အကန့်အသတ်နဲ့ ထုတ်ခဲ့တဲ့ ပထမဆုံး Full album"New Way" လိုပဲ ဖြန့်ချိခဲ့ပါတယ်။

SEVENTEEN အဖွဲ့ရဲ့ ";[Semicolon]"ကနေ မျှော်လင့်လို့ရတဲ့ အချက်(၃)ချက်

SEVENTEEN အဖွဲ့ဟာ လေးလကြာပြီးတဲ့နောက် ";[Semicolon]"လို့အမည်ရတဲ့ အယ်လ်ဘမ်နဲ့ အောက်တိုဘာလ၁၉ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၆ နာရီမှာ comeback ပြန်လာတော့မှာလည်း ဖြစ်ပါတယ်။ တရားဝင်မဖြန့်ချိခင်မှာ ဒီ comeback ကနေ မျှော်လင့်နိုင်တဲ့ အချက်(၃)ချက်ကို ကြည့်ရအောင်ပါ။

၁။လူငယ်တွေအတွက် ရင့်ကျက်ရန်အပြုသဘောဆောင်တဲ့ သတင်းစကား

efqef efgqe3fq

SEVENTEENအဖွဲ့ရဲ့ ";[Semicolon]"အယ်လ်ဘမ်မှာဆိုရင် မရပ်မနားပြေးနေတဲ့ လူငယ်တွေအတွက် "ခဏလေးအနားယူလိုက်ပြီးတော့ လူငယ်တို့ရဲ့ ပျော်ရွှင်မှုတွေကို ခံစားလိုက်ပါ"ဆိုတဲ့ ရင့်ကျက်ပြီး အပြုသဘောဆောင်တဲ့ သတင်းစကားတွေ ပါဝင်ပါတယ်။ ဒီအယ်လ်ဘမ်မှာဆိုရင် လူငယ်တွေအတွက် နွေးထွေးတဲ့နှစ်သိမ့်မှုတွေ၊ ထောက်ပံ့မှုတွေနဲ့ စာနာမှုတွေကို သိရှိစေမှာဖြစ်ပြီး အနာဂတ်ကို ဉီးတည်ဖို့အတွက်လည်း ကူညီပေးမှာဖြစ်ပါတယ်။

အဖွဲ့ဝင် Woozi က"ဒါကအရောင်စုံပါတယ်။ အယ်လ်ဘမ်အစကနေအဆုံးအထိ သီချင်းအမျိုးအစားမျိုးစုံပါတာဖြစ်တဲ့အတွက် SEVENTEEN အဖွဲ့ရဲ့ ဆွဲဆောင်မှုကို ခံစားရမှာပါ"လို့ ပြောကြားခဲ့ပါတယ်.။ The8 ကလည်း "အရင်ကမမြင်ဘူးတဲ့ SEVENTEENရဲ့ ရင့်ကျက်တဲ့ပုံရိပ်အသစ်ကို မြင်တွေ့ရမှာပါ" လို့ဆက်လက်ပြောကြားထားပါတယ်။ အဖွဲ့ဝင် Dino ကတော့ အယ်လ်ဘမ်ကို 'အိမ်ပြေး'ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြထားပါတယ်။ " အိမ်ပြေးတစ်ယောက်အတွက် ရင်ခုန်စရာကောင်းတဲ့ ပျော်ရွှင်မှုကို ဒီအယ်လ်ဘမ်ကပေးပါလိမ့်မယ်" လို့ပြောကြားထားပါတယ်။

၂။ နားနဲ့မျက်လုံးတွေကို ကျေနပ်စေတဲ့ အရည်အသွေးမြင့်တဲ့ “dance-ical”

fqefq ffe fge fqewf
‘kings of performance’ လို့ကျော်ကြားတဲ့ SEVENTEEN အဖွဲ့ဟာ ပရိသတ်တွေကိုဆွဲဆောင်ဖို့အတွက် ကြီးမားတဲ့ စတိတ်ကိုပြင်ဆင်ထားပြီးတော့ ဖျော်ဖြေရေးလောကကို စတိုင်အသစ်ယူဆောင်လာမှာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ “HOME;RUN” ရဲ့ ဂီတဗီဒီယို teaser နှစ်ခုကို ဖြန့်ချိခဲ့ပြီး ဖျော်ဖြေမှုတွေဟာ ဘရော့ဝေး ပြဇာတ်ဂီတနဲ့ ဆင်တူပါတယ်။
SEVENTEENအဖွဲ့ဟာ ပရိသတ်တွနဲ့ ကြည့်ရှုသူတွေရဲ့ နားနဲ့မျက်လုံးတွေကို ကျေနပ်စေတဲ့ အရည်အသွးမြင့် ‘dance-ical’ (dance+musical) ကို ပြသခဲ့ပါတယ်။

၃။ ပထမဉီးဆုံး မိတ်ဆက်ပေးလာတဲ့ ထူးခြားတဲ့အဖွဲ့ခွဲများ

fqef rqfqrf 3qrym

နောက်ဆုံးတစ်ချက်ကတော့ SEVENTEEN အဖွဲ့ဟာ ပထမဆုံးအနေနဲ့ အထဖွဲ့ခွဲအသစ်ကို ပြသမှာလည်း ဖြစ်ပါတယ်။ Seungkwan, Vernon နဲ့ Dinoတို့ရဲ့ “Do Re Mi”၊ The8, Mingyuနဲ့ DK တို့ရဲ့ “HEY BUDDY”၊ Jun, Hoshi, Wonwooနဲ့ Woozi တို့ရဲ့ “Light A Flame”နဲ့ S.Coups, Jeonghan, Joshua တို့ရဲ့“AH! LOVE” mix အဖွဲ့ခွဲ တွေဟာ လူငယ်တွေရဲ့ ထူးခြားတဲ့ခေတ်ကို ဂီတကနေမြင်တွေ့နိုင်မှာလည်း ဖြစ်ပါတယ်။ SEVENTEENအဖွဲ့ရဲ့ အယ်လ်ဘမ်တွေဟာ ကမ္ဘာအနှံ့ရဲ့ အာရုံစိုက်မှုကို အမြဲလိုလို ရရှိနေတာလည်း ဖြစ်ပါတယ်။ အခုလည်း အယ်လ်ဘမ်အသစ်နဲ့အတူ ဘယ်လိုမျိုးအောင်မြင်မှုတွေ ရရှိမလဲဆိုတာကို အများက သိချင်နေကြပါပြီ။

#mpc

ဆောင်းရာသီအတွက်အသင့်ဖြစ်နေတဲ့ Sana ရဲ့ comeback ပုံရိပ်များ

Twice အဖွဲ့ဝင် Sana ရဲ့ နောက်ဆုံးထွက်လာတဲ့ အမြည်း ဓာတ်ပုံဟာ လှပပြီး ချစ်စရာကောင်းတဲ့ အနက်ရောင်လက်အိတ်တွေကြောင့်ပေါ်လွင်ထင်ရှားပြီးစတိုင်ကျနေတဲ့အပြင် အနက်ရောင်နဲ့မီးခိုးရောင်ကအပြင်အဆင်ကိုလည်းလှပစေတာ ဖြစ်ပါတယ်။

ယခုလကုန်မှာ တကိုယ်တော် comeback နဲ့ ပြန်လာမယ့် WINNER အဖွဲ့ဝင် Song Min Ho

WINNER အဖွဲ့ဝင် Song Min Hoဟာ အောက်တိုဘာလကုန်မှာ တစ်ကိုယ်တော် အယ်လ်ဘမ်ကို ဖြန့်ချိမယ်လို့ အောက်တိုဘာ၁၅ရက်နေ့ မီဒီယာသတင်းတွေအရ သိရပါတယ်။

"SIREN” သီချင်းနဲ့ ပွဲဦးထွက်လာတော့မယ့် FNC Entertainment ရဲ့ P1Harmony အဖွဲ့

အောက်တိုဘာ ၁၄ ရက်မှာ FNC Entertainment ရဲ့မကြာမီလာမယ့် ယောက်ျားလေးအဖွဲ့ P1Harmony ကသူတို့ရဲ့ပွဲဦးထွက်အတွက်ပိုစတာနဲ့ဗီဒီယိုတွေကို မျှဝေခဲပါတယ်။

Banner Top