Banner Top

Member Area

AB6IX အဖွဲ့ဝင်ဟောင်း Lim Young Min နိုဝင်ဘာလမှာ စစ်မှုထမ်းဆောင်ဖို့ရှိ

  •  YuNandarHtun
  • Category: Music

AB6IX အဖွဲ့ဝင်ဟောင်း Lim Young Min ကမကြာခင် စစ်တပ်ထဲဝင်ရောက်တော့မှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက် SPOTV News မှာ သူဟာနိုဝင်ဘာလအစောပိုင်းမှာ စစ်ထဲဝင်ရောက်တော့မှာလို့ ပြောကြားခဲ့ပါတယ်။

Brand New Music ရဲ့အစီရင်ခံစာကိုတုံ့ပြန်တဲ့ အနေနဲ့ "Lim Young Min က စစ်တပ်ရဲ့ စစ်သားအဖြစ်နိုဝင်ဘာလအစောပိုင်းမှာ တက်တက်ကြွကြွပါဝင်မှာပါ" လို့အတည်ပြုခဲ့တာဖြစ်ပါတယ်။ သူဟာ စစ်မှုထမ်းမယ့်ရက်၊ တည်နေရာနဲ့အချိန်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ သွားမှာ ဖြစ်ပါတယ်။

Lim Young Min ကအခုနှစ်မေလတုန်းက အရက်မူးပြီး ကားမောင်းခဲ့တာကို ဖမ်းမိခဲ့ါပတယ်။ သူကဇွန်လ ၈ ရက်နေ့မှာ AB6IX အဖွဲ့ကနေ တရားဝင် နုတ်ထွက်ခဲ့ပြီးတဲ့နောက် အနုပညာလုပ်ငန်းတွေကနေ ရပ်နားထားခဲ့တာဖြစ်ပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top