Banner Top

Member Area

လက်ရှိကိုရီးယားမှာ လူကြိုက်အများဆုံး အမျိုးသားအဆိုတော်အဖွဲ့ ၃ဝ

Wanna One အဖွဲ့ဟာ မေလအတွက် အမျိုးသားအဆိုတော်အဖွဲ့ နာမည်ကျော်ကြားမှုမှာ ထိပ်ဆုံးကနေ ရှိနေတာပါ။ Korea Institute of Corporate Reputation အဖွဲ့ကနေ မေ လအတွက် K-pop အဆိုတော်တွေရဲ့ brand value တိုုင်းတာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

'The Ellen DeGeneres Show'အစီအစဉ်မှာသီချင်းသစ် 'Fake Love'ကို BTS အဖွဲ့ဖျော်ဖြေမည်

BTS အဖွဲ့ဟာ'The Ellen DeGeneres Show'အစီအစဉ်မှာတဖန်ပါဝင်လာကြဦးမှာဖြစ်ပါတယ်။ Variety.comမှာမေ ၁ ရက် ဖော်ပြထားချက်အရ BTS အဖွဲ့ဟာမေ ၂၅ ရက်မှာပြုလုပ်မယ့် နာမည်ကျော် အမေရိကန် Talk Show အစီအစဉ်မှာပါဝင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့ အယ်လ်ဘမ် အသစ်ဖြစ်တဲ့ 'Love Yourself: Tear'ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ "Fake Love" ကိုဖျော်ဖြေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့်လတွင် ကျင်းပမည့် Billboard Music Awards ဆုပေးပွဲတွင် သီချင်းသစ် BTS အဖွဲ့ ဖျော်ဖြေမည်

BTS အဖွဲ့ဟာ လာမယ့်လမှာ ကျင်းပမယ့် Billboard Music Awards ဆုပေးပွဲမှာ ပထမဆုံး ဖျော်ဖြေမယ့် kpop အနုပညာရှင်အနေနဲ့ ဖျော်ဖြေတင်ဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့ရဲ့ တရားဝင် တွစ်တာအကောင့်မှာ အဲဒီသတင်းကို ကြေညာခဲ့ရာမှာတော့ အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့အဖွဲ့ဟာ ဖျော်ဖြေသူအနေနဲ့ Billboard ဂီတဆုပေးပွဲမှာ ဖျော်ဖြေသူအနေနဲ့ Single သီချင်းနဲ့ ပွဲဦးထွက်လာမယ်လို့ ဆိုပါတယ်။

လာမယ့် ဇွန်လမှာဂျပန် Single သီချင်းဖြန့်မယ့် GOT7

GOT7 အဖွဲ့ဟာလာမယ့် ဇွန်လမှာ"The New Era"အမည်ရှိတဲ့ ဂျပန် Single သီချင်းတစ်ပုဒ်ကို ဖြန့်ချိမှာ ဖြစ်ပြီးအဲဒီသီချင်းကိုပရိုမိုးရှင်းလုပ်ဖို့ ဂျပန်နယ်လှည့်ပွဲကိုလည်း ပြုလုပ်မှာဖြစ်တယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေးကုမ္ပဏီကဧပြီ ၂၆ ရက်မှာပြောကြားလိုက်ပါတယ်။ အဲဒီသီချင်းပါဝင်တဲ့ နာမည်တူအယ်လ်ဘမ်ဟာလည်းမေ ၇ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီးအဖွဲ့ဝင် ၇ ဦးရဲ့ ရင့်ကျက်တဲ့ ပုံစံနဲ့ ယောကျာ်းပီသတဲ့အလှတရားကို မြင်တွေ့ရမယ့် ဟစ်ဟော့ပ်သီချင်း ဖြစ်တယ်လို့ JYP အင်တာတိန်းမန့်ကဆိုပါတယ်။

မကြာမီထွက်ရှိလာတော့မယ့် အယ်လ်ဘမ် ကြိုတင်မှာယူမှုအရေအတွက် စံချိန်သစ်တင်နိုင်ခဲ့တဲ့ BTS

BTS အဖွဲ့ဟာမကြာမီထွက်ရှိလာတော့မယ့် “Love Yourself: Tear”အတွက် ကြိုတင်မှာယူမှု စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အယ်လ်ဘမ်သစ်ကို ဖြန့်ချိဖို့ လုပ်ဆောင်နေတဲ့ iriverရဲ့အဆိုအရ“Love Yourself: Tear”အယ်လ် ဘမ်ဟာဧပြီ ၂၄ ရက်မှာ ကြိုတင်မှာယူမှု ၁၄၄၉၂၈၇ အထိရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာကိုရီးယားမှာရှိတဲ့ လက်ကားရောင်းချသူများနဲ့ လက်လီရောင်းချသူများကမှာယူတဲ့ ကြိုတင်မှာယူမှုစာရင်းသာဖြစ်ပြီး နိုင်ငံတကာကနေမှာ ယူတဲ့ အရေအတွက် မပါဝင်သေးဘူးလို့ဆိုပါတယ်။

မကြာမီအယ်လ်ဘမ်သစ်ဖြန့်ချိပြီးနောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲ BTS အဖွဲ့ ပြုလုပ်မည်ဟုဆို

ဧပြီ ၂၂ ရက်မှာပဲ @kimsnowtae ဆိုတဲ့ username ကို ပိုင်ဆိုင်တဲ့ BTS အဖွဲ့ရဲ့ ပရိသတ် တစ်ဦးက BTS အဖွဲ့နဲ့ ပတ်သက်တဲ့သူရဲ့ ပို့စ်တစ်ခုကြောင့် လူစိတ်ဝင်စားမှုရရှိခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၃၅ ခုရဲ့ iTunes ဇယားမှာ EXO-CBX ထိပ်ဆုံးရောက်

EXO-CBX အဖွဲ့ဟာ ကမ္ဘာတဝန်းက ဂီတဇယားတော်တော်များများမှာ ထိပ်ဆုံး ရောက်ရှိနေခဲ့တာကို တွေ့ရပါတယ်။

 

သူတို့ရဲ့ ဒုတိယမြောက်မီနီအယ်လ်ဘမ်ဖြစ်တဲ့ 'Blooming Days' ဟာ ဖင်လန်၊ ဂရိ၊ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ ပိုလန်၊ ပေါ်တူဂီ၊ တူရကီ၊ ရုရှား၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယား၊ ပီရူး၊ အာမေးနီးယား၊ အာဂျင်တီးနား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ဆော်ဒီအာရေးဘီးယား၊ သိရီလင်္ကာ၊ ဘရာဇီး၊ မက္ကဆီကို၊ ဂွါတီမာလာ၊ ချီလီ၊ ကိုလံဘီယာ၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မကာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ယူကရိန်း၊ ကာဂျစ်စတန်နဲ့ အစ္စရေးနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၃၅ ခုမှာရှိတဲ့ iTunes အယ်လ်ဘမ် ဇယားတွေမှာ ထိပ်ပိုင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ EXO-CBX အဖွဲ့ဟာ ကမ္ဘာတဝန်းက ဂီတဇယားတော်တော်များများမှာ ထိပ်ဆုံး ရောက်ရှိနေခဲ့တာကို တွေ့ရပါတယ်။ သူတို့ရဲ့ ဒုတိယမြောက်မီနီအယ်လ်ဘမ်ဖြစ်တဲ့ 'Blooming Days' ဟာ ဖင်လန်၊ ဂရိ၊ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ ပိုလန်၊ ပေါ်တူဂီ၊ တူရကီ၊ ရုရှား၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယား၊ ပီရူး၊ အာမေးနီးယား၊ အာဂျင်တီးနား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ယူအေအီး၊ ဆော်ဒီအာရေးဘီးယား၊ သိရီလင်္ကာ၊ ဘရာဇီး၊ မက္ကဆီကို၊ ဂွါတီမာလာ၊ ချီလီ၊ ကိုလံဘီယာ၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မကာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ယူကရိန်း၊ ကာဂျစ်စတန်နဲ့ အစ္စရေးနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၃၅ ခုမှာရှိတဲ့ iTunes အယ်လ်ဘမ် ဇယားတွေမှာ ထိပ်ပိုင်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

 


အဲဒီအယ်လ်ဘမ်ဟာ ဖြန့်ချိတဲ့နေ့မှာပဲ Synnara  နဲ့ Hottracks တို့ရဲ့ နေ့စဉ်အယ်လ်ဘမ်ဇယားမှာ နံပါတ် ၁ ချိတ်ခဲ့သလို တရုတ်နိုင်ငံရဲ့ Xiami Music Koren ဂီတဇယားမှာလည်း နံပါတ် ၁ ကို ရရှိခဲ့ပါတယ်။

 

Allkpop

ယူအေအီးမှာ ပထမဆုံး 'SMTOWN LIVE' ကို အောင်မြင်စွာကျင်းပနိုင်ခဲ့

SM အင်တာတိန်းမန့်မှ အနုပညာရှင်တွေဟာ ယူအေအီးမှာရှိတဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းကြုံးရယူ ထားနိုင်လိုက်ပြန်ပါတယ်။

ဂျပန်မှာ ပထမဆုံးသီးသန့် Showcase လုပ်မယ့် ထယ်ယွန်

Girls' Generation အဖွဲ့ဝင် ထယ်ယွန်ဟာ တကိုယ်တော်အနုပညာရှင်တစ်ဦးအနေနဲ့ လာမယ့် ဇွန်လ၊ ဂျပန်နိုင်ငံမှာ ပထမဆုံး Showcase နယ်လှည့်ပွဲကို ကျင်းပမှာ ဖြစ်တယ်လို့ ဧပြီ ၅ ရက်မှာ သူ့အေဂျင်စီက ဆိုပါတယ်။

Banner Top