Banner Top

Member Area

မီနီအယ်လ်ဘမ်အသစ်နဲ့ ဂီတလောကထဲ ပြန်လာတော့မယ့် Gary

  •  mpc
  • Category: Music

Gary ဟာ တစ်နှစ်ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ဂီတအသစ်ကို ဖြန့်ချိတော့မှာလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ Gary က သူ့ရဲ့ မီနီအယ်လ်ဘမ်အသစ်ဖြစ်တဲ့ “2020” ကို ကိုရီးယားစံတော်ချိန် ညနေ၆နာရီမှာ ဖြန့်ချိမယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လမှာ ထွက်ရှိခဲ့တဲ့ “Purple Bikini” သီချင်းအပြီး ပထမဆုံးထွက်ရှိလာမယ့် အယ်လ်ဘမ်ဖြစ်ပြီး အခု EP အသစ်မှာ သီချင်းစုစုပေါင်း ၄ ပုဒ်ပါဝင်မှာလည်း ဖြစ်ပါတယ်။

kang gary

ခေါင်းစီးသီချင်းဖြစ်တဲ့ “Outer Ring Road” ကိုတော့ DJ Spray၊ L-Like တို့နဲ့ အတူ ထုတ်လုပ်ထားတာဖြစ်ပြီး ဆောင်းဦးရာသီနဲ့ လိုက်ဖက်မယ့် သီချင်းဖြစ်ကြောင်း ပြောဆိုထားပါတယ်။ “Photograph” လို့အမည်ရတဲ့ သီချင်းလည်း ပါဝင်မှာဖြစ်ပြီး အဲ့ဒီသီချင်းကိုတော့ Gary ရဲ့ ကာလရှည် လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Jung In နဲ့ ပူးတွဲသီဆိုထားတာဖြစ်ပါတယ်။

သီချင်းအသစ်ကတော့ အနုပညာရှင်နှစ်ယောက် မိဘနေရာရောက်လာတဲ့အချိန်မှာ ခံစားရတဲ့ အကြောင်းအရာတွေကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ Gary ဟာ “The Return of Superman”အစီအစဉ်မှာ သားဖြစ်သူ Hao နဲ့အတူ ပါဝင်နေပါတယ်။

#mpc

Banner Top