Banner Top

Member Area

Copy of Copy of ချွဲထယ်ဂျွန်းနဲ့ ပတ်ရှင်ဟေးတို့ တွဲနေကြပြီ

  •  Micky
  • Category: Videos

မင်းသားချွဲထယ်ဂျွန်းနဲ့ မင်းသမီးပတ်ရှင်ဟေးတို့ဟာ မေတ္တာမျှနေကြပြီလို့ ဆိုပါတယ်။

အနုပညာလုပ်ငန်းရဲ့ သတင်းအရင်းအမြစ်တွေရဲ့အဆိုအရ သူတို့သရုပ်ဆောင်နှစ်ဦးဟာ တွဲနေကြတာ တစ်နှစ်လောက်တောင် ရှိပြီလို့ဆိုပါတယ်။ သူတို့နှစ်ဦးဟာ ချောင်အန်တက္ကသိုလ်က ကျောင်းသားတွေ ဖြစ်ကြပြီး ပွဲဦးထွက်ခဲ့ပြီးတဲ့နောက် တစ်နှစ်အကြာ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့တာလို့ ဆိုပါတယ်။

သတင်းအရင်းအမြစ်တစ်ခုရဲ့အဆိုအရ ချွဲထယ်ဂျွန်းနဲ့ ပတ်ရှင်ဟေးတို့ဟာ ပတ်ရှင်းဟေးရဲ့ အိမ်မှာ တိတ်တဆိတ် တွေ့ဆုံကြပြီးတော့ သူတို့ရဲ့ အသိမိတ်ဆွေတွေနဲ့ အပြင်ထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။ သတင်းအရင်းအမြစ်တွေရဲ့အဆိုအရ ချွဲထယ်ဂျွန်းရဲ့ သူငယ်ချင်းတွေက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို သတိထားမိခဲ့တာလို့ ဆိုပါတယ်။

သူတို့နှစ်ဦးကတော့ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်မှာပဲ အဲဒီသတင်းတွေကို ငြင်းဆိုထားတာပါ၊ ဒါပေမယ့် သူတို့ဟာ ဆက်တွဲနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီသတင်းတွေကို တုန့်ပြန်တဲ့အနေနဲ့ ချွဲထယ်ဂျွန်းရဲ့ အေဂျင်စီ သတင်းအရင်းအမြစ်တစ်ခုက သူတို့အနေနဲ့ မင်းသားကို လက်ရှိမှာ မေးမြန်းအတည်ပြုမှာ ဖြစ်ပြီးတော့ ပတ်ရှင်ဟေးရဲ့ အေဂျင်စီကလည်း လက်ရှိ မင်းသမီးဟာ ပဲရစ်မှာ ရောက်နေတဲ့အတွက် မင်းသမီးကို မေးမြန်းအတည်ပြုဖို့ အချိန်တချို့ကြဦးမယ်လို့ ဆိုပါတယ်။
soompi

Media

Banner Top