Banner Top

Member Area

မြန်မာငွေသိန်း ၃၃၀ ကျော်တန် ပတ်ရှင်ဟေးရဲ့ လက်ထပ်ဝတ်စုံ

  •  Y Nay
  • Category: News

မကြာသေးမီကပြုလုပ်ခဲ့တဲ့ လက်ထပ်ပွဲမှာ မင်းသမီး ပတ်ရှင်ဟေး ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံရဲ့ တန်ဖိုးကြောင့် ပရိသတ်တွေ အံ့ဩသင့်ခဲ့ကြရပါတယ်။

သတင်းတွေမှာ ဖော်ပြကြသလို မင်းသမီး ပတ်ရှင်ဟေးဟာ ချွဲထယ်ဂျွန်းနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

20220125 015215 510 0

သူတို့နှစ်ယောက်ဟာ ဘုရားကျောင်းတစ်ခုမှာ လက်ထပ်ပွဲကို သိုသိုသိပ်သိပ်သီးသန့်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကိစ္စတစ်ခုကတော့ ပေါ်ထွက်လာခဲ့ပါတယ်။

20220125 015611 090 0

အဲဒီလက်ထပ်ပွဲမှာ မင်းသမီး ပတ်ရှင်ဟေး ဝတ်ဆင်ခဲ့တဲ့ လက်ထပ်ဝတ်စုံကို နာမည်ကျော်ဒီဇိုင်နာ Oscar De La Renta က ဒီဇိုင်းရေးဆွဲဖန်တီးပေးထားတာဖြစ်ပြီး Spring 2022 Wedding Collection ဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၈၇၁၃ (မြန်မာကျပ် သိန်း ၃၃၀ ကျော်) ရှိပါတယ်။

20220125 015905 712 0

မင်္ဂလာပွဲကြိုဓာတ်ပုံရိုက်ကူးရာမှာ မင်းသမီး ပတ်ရှင်ဟေးဝတ်ဆင်ခဲ့တဲ့ အရိုင်းပန်းဂါဝန်ကို Monique Lhuillier က ဒီဇိုင်းထုတ်လုပ်ထားတာဖြစ်ပြီး ဒေါ်လာ ၁ သောင်း တန်ကြေးရှိပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top