Banner Top

Member Area

TWICE အဖွဲ့ရဲ့ "shy shy shy" နဲ့ "neomuhae" တို့နောက်ကွယ်က လူမသိသေးတဲ့ ဇာတ်လမ်းလေး

  •  J
  • Category: Trend

TWICE အဖွဲ့ရဲ့ အဓိကထုတ်လုပ်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Black Eyed Pilseung က စာသားတွေကို သူဘယ်လိုခွဲလေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။

Sana ရဲ့ ထင်ရှားတဲ့ သီဆိုဖော်ပြမှုဖြစ်တဲ့ "shy shy shy" နဲ့ပက်သက်ပြီး ပရိသတ်အချို့ မသိသေးတဲ့အံ့သြစရာကိစ္စကို ဖော်ပြခဲ့ပါတယ်။

gre greg rgrg

ဒီစာသားဟာ အစကတော့ Dahyun အတွက်ပါ။ ဒါပေမဲ့ အသံသွင်းတဲ့ရက်မှာ Dahyun ရဲ့ လည်ချောင်းက အခြေအနေ သိပ်မကောင်းခဲ့တာကြောင့် စာသားရဲ့အသံအနေအထားကို ရောက်အောင်မဆိုနိုင်ခဲ့တာကြောင့် သူတို့တွေက ဘာလုပ်ရမယ်ဆိုတာကို အမြန်စဉ်းစားခဲ့ရတာပါ။

rg g3rg f gr

Black Eyed Pilseungက စာသားကို Sana ကို အစမ်းဆိုခိုင်းကြည့်တဲ့အခါ လိုက်ဖတ်ပြီး ကောင်းမွန်နေတာကြောင့် သူတို့တွေက ဒီစာသားကို Sanaကို ပေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။သူကဒီစာသားဟာ ထင်ရှားလာမှာဖြစ်ပြီး JYP အင်တာတိန်းမန့် အတွက်လည်း သေချာပေါက် အကျိုးသက်ရောက်မှုရှိစေမဲ့ trend တခုဆိုတာကို ကြိုသိထားပါတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။

rg grg rgr

“ TT ” သီချင်းမှာဆိုရင်လည်း ထုတ်လုပ်သူက အဓိကလူကြိုက်များမယ့် အပိုင်းဖြစ်တဲ့ " neomuhae" ကို Sana ကို ဆိုစေချင်ခဲ့တာပါ။ ဒါပေမဲ့ Sana ဟာ " shy shy shy " မှာ အကောင်းဆုံး လုပ်နေပြီးပြီလို့လို့ ခံစားရပြီး သူ့ကို အားလုံးအပေါ် အာရုံမစိုက်စေချင်တာကြောင့် Dahyunကို အစားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဘယ်လိုလှည့်ကွက်မျိုးလဲ! အဆုံးမှာတော့ Dahyun ဟာသီချင်းစာသားနဲ့အတူ သူ့ရဲ့ချစ်စရာကောင်းမှုကို ပြသခဲ့ပါတယ်။

ဒါပေမဲ့ စာသားတွေဟာလည်း သူတို့၂ယောက်လုံးနဲ့ လိုက်ဖက်ခဲ့ပုံပေါ်ပါတယ်။ Sana မပါတဲ့ "shy shy shy"ကို စိတ်ကူးယဉ်ကြည့်လို့မရသလို "neomuhae" ကိုလည်း Dahyunမရှိဘဲပုံဖော်ကြည့်လို့တောင်မရပါဘူး။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top