Banner Top

Member Area

ကြည့်ရှုသူသန်း ၁၀၀ ကို အမြန်ဆုံးရောက်ရှိတဲ့ ဂီတဗီဒီယိုဖြစ်လာတဲ့ TWICE အဖွဲ့ရဲ့ “I CAN’T STOP ME”

  •  mpc
  • Category: Music

မကြာသေးမီကထွက်ရှိထားတဲ့ TWICE အဖွဲ့ရဲ့ “I CAN’T STOP ME” သီချင်းဂီတဗီဒီယိုဟာ အခုဆိုရင် YouTube မှာ ကြည့်ရှုသူ သန်း ၁၀၀ ကိုရောက်ရှိလာပြီး သူတို့ရဲ့ ကိုယ်ပိုင်စံချိန်ကို ချိုးလိုက်နိုင်ပြီလည်း ဖြစ်ပါတယ်။

အဲ့ဒီဂီတဗီဒီယိုဟာ အောက်တိုဘာလ ၂၆ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး ၁၁ရက်နဲ့ ၁၁ နာရီကျော်အကြာ နိုဝင်ဘာလ ၇ ရက်နေ့ ကိုရီးယားစံတော်ချိန် နံနက် ၅ နာရီ ၁၃ မိနစ်အချိန်မှာတော့ ကြည့်ရှုသူသန်း၁၀၀ပြည့်သွားတာဖြစ်ပြီး သန်း၁၀၀ကိုအမြန်ဆုံးရောက်ရှိတဲ့ ဂီတဗီဒီယိုအဖြစ် စံချိန်အသစ်တင်ခဲ့ပါတယ်။

twice i cant stop me 100 million

အရင်စံချိန်မှာတော့ “MORE & MORE” သီချင်းရဲ့ ဂီတဗီဒီယိုဟာ ဖြန့်ချိပြီး ၁၂ ရက်နဲ့ ၂၂ နာရီအကြာမှာ ကြည့်ရှုသူသန်း ၁၀၀ ကို ရောက်ရှိခဲ့တာပါ။ အခုဆိုရင် TWICE အဖွဲ့ဟာ YouTube မှာ ကြည့်ရှုသူသန်း ၁၀၀ ရှိတဲ့ ကိုရီးယားဂီတဗီဒီယို ၁၄ ပုဒ်အထိ ပိုင်ဆိုင်ခဲ့ပါပြီ။ “Like OOH-AHH”၊ “Cheer Up”၊ “TT”၊ “Knock Knock”၊ “Signal”၊ “Likey”၊ “Heart Shaker”၊ “What is Love?”၊ “Dance the Night Away”၊ “YES or YES”၊ “FANCY”၊ “Feel Special” နဲ့ “MORE & MORE” သီချင်းတို့ဖြစ်ပါတယ်။

ဂျပန်သီချင်းဖြစ်တဲ့ “Candy Pop” သီချင်းရဲ့ ဂီတဗီဒီယိုအပါအဝင် အခုဆိုရင် ကြည့်ရှုသူသန်း၁၀၀ရှိတဲ့ ဂီတဗီဒီယို ၁၅ပုဒ်အထိ ပိုင်ဆိုင်ထားပြီလည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top