Banner Top

Member Area

Spotify ရဲ့ Global Top 10 နဲ့ US Album Debuts chart တွေမှာ ပါဝင်လာတဲ့ TWICE

  •  mpc
  • Category: Music

TWICE အဖွဲ့ဟာ သူတို့ရဲ့ Comeback အယ်လ်ဘမ် 'Eyes Wide Open' နဲ့ နိုင်ငံရပ်ခြားအောင်မြင်မှုတွေ ရရှိနေတာလည်း ဖြစ်ပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ Spotify ရဲ့ Global Top 10 Album Debuts မှာ 'Eyes Wide Open'ဟာ နံပါတ် ၆ နေရာမှာ ရပ်တည်ခဲ့ပြီး US Top 10 Album Debuts မှာတော့ နံပါတ် ၉ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

1604371110 el2eziexyaeragv

US Top 10 Album Debuts နဲ့ Global Top 10 Album Debuts တွေမှာ ဖော်ပြထားတဲ့ စာရင်းတွေဟာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ Spotify မှာ အကြီးမားဆုံး ဖြန့်ချိမှု အသစ်တွေကို ရယူထားတာဖြစ်ပါတယ်။ ဒီစာရင်းတွေဟာဆိုရင် သီချင်းတစ်ပုဒ် ဒါမှမဟုတ် အယ်လ်ဘမ်တစ်ချပ် live လုပ်ပြီးနောက် ၇၂နာရီအတွင်း ရရှိတဲ့ အချက်အလက်ဒေတာတွေကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် 'Eyes Wide Open' နဲ့ "I Can't Stop Me" တို့ဟာ ပထမသီတင်းပတ်အတွက် Spotify မှာ stream အခံရဆုံး အယ်လ်ဘမ်နဲ့ Single ဖြစ်လာခဲ့ပါတယ်။ 'Eyes Wide Open' ဟာဆိုရင် ပထမသီတင်းပတ်မှာ ၂၈.၂၆o သန်းကျော် stream ခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်အတွက် Spotify မှာ First Week Album Debuts စာရင်းမှာ BTS ၊ BLACKPINK အဖွဲ့တို့နဲ့အတူ ပါဝင်လာခဲ့ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top