Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

NU’EST W အဖွဲ့၏ ပရိသတ်တွေ့ဆုံပွဲလက်မှတ်များ အံ့သြသင့်ဖွယ် အချိန်တိုအတွင်း ရောင်းကုန်ခဲ့

NU’EST W အဖွဲ့ရဲ့ ပရိသတ်တွေ့ဆုံပွဲ လက်မှတ်တွေဟာ မိနစ်ပိုင်းအတွင်းမှာပဲ ရောင်းကုန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်မှာ “L.O.Λ.E & DREAM” အမည်ရှိတဲ့ NU’EST W အဖွဲ့ရဲ့ ပရိသတ်တွေ့ဆုံပွဲလက်မှတ်တွေကို ရောင်းချခဲ့ပါတယ်။ ၃ မိနစ်အတွင်းမှာပဲ ထိုင်ခုံနေရာ ၁ သောင်းလုံး ရောင်းထွက်သွားခဲ့ပါတယ်။

EXO အဖွဲ့ဝင် Kai နှင့် ကင်ဂျင်ဂျောင်းတို့ပါဝင်ထားသော [Andante] ဒရမ်မာကို လာမည့် စက်တင်ဘာလတွင် ထုတ်လွှင့်မည်

KBS ရုပ်သံလိုင်းကနေ မကြာခင်ထုတ်လွှင့်တော့မယ့် [Andante] ဒရမ်မာဇာတ်လမ်းတွဲ ထုတ်လွှင့်မယ့်ရက်ကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ဆောင်ဆန်ဟွန်နဲ့ ဂိုအာရာတို့ ခေါင်းဆောင်ပါဝင်မယ့် "Black" ဇာတ်လမ်းတွဲ ဇာတ်ညွှန်းဖတ်ကြပြီ

မင်းသား ဆောင်ဆန်ဟွန်နဲ့ မင်းသမီး ဂိုအာရာတို့ ခေါင်းဆောင်အဖြစ် ပါဝင်သရုပ်ဆောင်မယ့် “Black” ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ဖတ်ကြပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ Black (ဆောင်ဆန်ဟွန်) လို့အမည်ရတဲ့ သေမင်းနဲ့ သေခြင်းကိုကြိုမြင်နိုင်တဲ့ ဂန်ဟာရမ်ဆိုတဲ့ အမျိုးသမီးတစ်ဦးတို့အကြောင်း ဖြစ်ပါတယ်။

INFINITE အဖွဲ့ဝင် L တစ်ကိုယ်တော်အာရှပရိသတ် နယ်လှည့်တွေ့ဆုံပွဲကျင်းပမည်

INFINITE အဖွဲ့ဝင် L ဟာ တစ်ကိုယ်တော်ပရိသတ်တွေ့ဆုံပွဲတွေအတွက် အာရှတစ်ခွင်ကို သွားရောက်မှာ ဖြစ်ပါတယ်။ သူဟာ တိုကျို၊ အိုဆာကာ၊ ထိုင်ဝမ်နဲ့ စင်ကာပးတို့ကို ကိုယ်တိုင်သွားရောက်မှာ ဖြစ်ပြီးတော့ INFINITE အဖွဲ့ဝင်တစ်ဦး အနေနဲ့မဟုတ်ဘဲ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေကို တွေ့ဆုံနှုတ်ဆက်မှာဖြစ်ပါတယ်။ ကိုရီးယားမှာလုပ်မယ့် ပရိသတ်တွေ့ဆုံပွဲကိုတော့ အချိန်မသတ်မှတ်ရသေးပါဘူး။

'White Night' အာရှနယ်လှည့် ဖျော်ဖြေပွဲအတွက် အချိန်ဇယားထုတ်ပြန်လိုက်တဲ့ ထယ်ယန်း

ထယ်ယန်းဟာ သူုရဲ့ ၂၀၁၇ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဖြစ်တဲ့ ‘White Night’ ရဲ့ အာရှဒေသအတွက် အချိန်ဇယားကို ထုတ်ပြန်လိုက်ပါတယ်။

TWICE ၏ ဂျပန်ပွဲဦးထွက် အယ်လ်ဘမ် ပလက်တီနမ်အဆင့် သတ်မှတ်ခံရ

TWICE ရဲ့ ပထမဆုံးဂျပန်အယ်လ်ဘမ်ဟာ ပလက်တီနမ်အဆင့် သတ်မှတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ TWICE အဖွဲ့ရဲ့ ဂျပန်ပွဲဦးထွက်အယ်လ်မ်ဟာ ကောပ်ီချပ်ရေ ၂ သိန်းခွဲကျော်ရောင်းချခဲ့ရပြီး ပလက်တီနမ်အဆင့် သတ်မှတ်ခံခဲ့ရတာဖြစ်တယ်လို့ သြဂုတ် ၁ဝ ရက်မှာ ဂျပန်အသံသွင်းလုပ်ငန်းအသင်းက ကြေညာခဲ့တာဖြစ်ပါတယ်။

Banner Top