Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

NU’EST W အဖွဲ့၏ ပရိသတ်တွေ့ဆုံပွဲလက်မှတ်များ အံ့သြသင့်ဖွယ် အချိန်တိုအတွင်း ရောင်းကုန်ခဲ့

  •  
  • Category: News

NU’EST W အဖွဲ့ရဲ့ ပရိသတ်တွေ့ဆုံပွဲ လက်မှတ်တွေဟာ မိနစ်ပိုင်းအတွင်းမှာပဲ ရောင်းကုန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်မှာ “L.O.Λ.E & DREAM” အမည်ရှိတဲ့ NU’EST W အဖွဲ့ရဲ့ ပရိသတ်တွေ့ဆုံပွဲလက်မှတ်တွေကို ရောင်းချခဲ့ပါတယ်။ ၃ မိနစ်အတွင်းမှာပဲ ထိုင်ခုံနေရာ ၁ သောင်းလုံး ရောင်းထွက်သွားခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ လက်မှတ်တွေ မရောင်းချခင်မှာသာ နာမည်ကျော်ကြား လူပြောများနေတာမဟုတ်ဘဲ Portal Site တွေမှာလည် းအဓိကရှာဖွေကြတဲ့ အကြောင်းအရာဖြစ်နေတာပါ၊ လက်မှတ်တွေကို စတင်ရောင်းချခြင်းမှာ ပဲ လူ ၂ သောင်းခွဲလောက်ဟာ တစ်ချိန်ထဲမှာ အွန်လိုင်းပေါ်ကိုရောက်လာခဲ့တဲ့အတွက် ဝက်ဘ်ဆိုက်တောင် ခေတ္တရပ်သွားရတဲ့အထိပါပဲ။

NUESTW

 

“L.O.Λ.E & DREAM” ဆိုတာကတော့ NU’EST အဖွဲ့နဲ့အတူ အတူလျှောက်လှမ်းလာခဲ့ကြပြီး ဆက်လက်လျှောက်လှမ်းကြမယ့် ပရိသတ်တွေနဲ့ အတူ အဖွဲ့ဝင်တွေ တွေ့ဆုံမယ့် အချိန်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီပရိသတ်တွေ့ဆုံပွဲကို ကိုရီးယား တက္ကသိုလ် မှာရှိတဲ့ ဟွာဂျောင်း အားကစားရုံမှာ သြဂုတ် ၂၆ နဲ့ ၂၇ ရက်မှာ အချိန်နှစ်နာရီစီ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။ NU’EST W အတွက် ဂုဏ်ယူပါတယ်။

#Micky

Ref:soompi

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Banner Top