Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

ဆောင်ဆန်ဟွန်နဲ့ ဂိုအာရာတို့ ခေါင်းဆောင်ပါဝင်မယ့် "Black" ဇာတ်လမ်းတွဲ ဇာတ်ညွှန်းဖတ်ကြပြီ

  •  
  • Category: News

မင်းသား ဆောင်ဆန်ဟွန်နဲ့ မင်းသမီး ဂိုအာရာတို့ ခေါင်းဆောင်အဖြစ် ပါဝင်သရုပ်ဆောင်မယ့် “Black” ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ဖတ်ကြပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ Black (ဆောင်ဆန်ဟွန်) လို့အမည်ရတဲ့ သေမင်းနဲ့ သေခြင်းကိုကြိုမြင်နိုင်တဲ့ ဂန်ဟာရမ်ဆိုတဲ့ အမျိုးသမီးတစ်ဦးတို့အကြောင်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ မိုးကောင်းကင်ရဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ပြီး လူတစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့ တိုက်ခိုက်ကြပုံကိုရိုက်ကူးမှာဖြစ်ပါတယ်။

 

Bkack

အဲဒီဒရမ်မာကို Voice ဇာတ်လမ်းတွဲ ဖန်တီးရှင် ဒါရိုက်တာ ကင်ဟုန်ဆွန်းက ရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညန်းရေးဆရာကတော့ “God’s Gift – 14 Days” ရဲ့ ဇာတ်ညွှန်းဆရာ ချွဲရန်ဖြစ်ပါတယ်။

OCN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် Black ဇာတ်လမ်းတွဲကို လာမယ့် အောက်တိုဘာလထဲမှာ Save Me ဇာတ်လမ်းတွဲနောက်မှာ ပြသမှာဖြစ်ပါတယ်။ Black ဒရမ်မာအတွက် သရုပ်ဆောင်တွေ ဇာတ်ညွှန်းဖတ်နေကြပုံကို အောက်က လင့်မှာဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။

https://youtu.be/ttpNdhqpraY

#Micky
Ref:soompi

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Banner Top