Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံ အတွက် သံတမန် အဖြစ်ခန့်အပ်ခဲ့ရတဲ့ MONSTA X အဖွဲ့

  •  YuNandarHtun
  • Category: News

MONSTA X အဖွဲ့ကို ယခုနှစ်ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဆိုးလ်မြို့မှာကျင်းပမယ့် ၁၉ ကြိမ်မြောက်အဂတိလိုက်စားမှုတိုက်ဖျက်ရေးညီလာခံကိုမြှင့်တင်ရန် သံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်မှာ ညီလာခံကိုမြှင့်တင်ဖို့ အဖွဲ့ဝင်တွေကို သံတမန်အဖြစ်ခန့်အပ်ခဲ့တာလည်းဖြစ်ပါတယ်။ အခမ်းအနားကို YouTubeမှာ တိုကရိုက် ထုတ်လွှင့်ခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ နိုင်ငံသားအခွင့်အရေးကော်မရှင်က MONSTA X အဖွဲ့ကိုကမ္ဘာအနှံ့ကျော်ကြားမှုကြောင့်ခန့်အပ်ခြင်းတာဖြစ်ပြီး ကုလသမဂ္ဂရဲ့ #TOGETHERBAND လှုပ်ရှားမှုကိုလည်း အောင်မြင်စွာမြှင့်တင်ခဲ့ပါတယ်။

အခြားသတင်းတွေအရ အဖွဲ့ဟာ သူတို့ရဲ့ တတိယမြောက်အယ်လ်ဘမ်မီနီအယ်လ်ဘမ် 'Fatal Love' နဲ့အတူနိုဝင်ဘာ ၂ ရက် ကိုးရီးယားစံတော်ချိန် ည၁နာရီ(နိုဝင်ဘာ ၁ ရက်ည ၁၁ နာရီ EST) မှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

MONSTA X အဖွဲ့အတွက် ဂုဏ်ယူပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top