Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

အမျိုးသမီးလုံခြုံရေးဝန်ထမ်းကို ဂရုတစိုက်ရှိပေးခဲ့တဲ့ MONSTA X အဖွဲ့ဝင် I.M

  •  Micky
  • Category: News

MONSTA X အဖွဲ့ဝင် I.M ဟာ Staff တစ်ဦးအပေါ် သူ့ရဲ့ဆက်ဆံပုံအတွက် ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။

မတ်လ ၂ ရက်မှာ MONSTA X အဖွဲ့ဟာ စင်ကာပူနိုင်ငံမှာရှိတဲ့ Plaza Singapura မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီသတင်းစာရှင်းလင်းပွဲကို အမိုးဖွင့်နေရာတစ်ခုမှာ ကျင်းပခဲ့တာဖြစ်ပြီးတော့ အဆောက်အဦးထဲကနေ သူတို့လမ်းလျှောက် ထွက်လာခဲ့ရပါတယ်။ အဲဒီနေ့မှာ မိုးရွာနေတဲ့အတွက် အဖွဲ့ဝင်တစ်ဦးချင်းစီဟာ ကိုယ်ရံတော်တစ်ဦးချင်းစီ ဘေးမှာ ရံပြီး ထီးတွေနဲ့ လိုက်ပါလာခဲ့ပါတယ်။ အမျိုးသမီး လုံခြုံရေးဝန်ထမ်းနဲ့အတူ လိုက်ပါလာတဲ့ အဖွဲ့ဝင် I.M ဟာ သူလုပ်ခဲ့တာလေးကို ပရိသတ်တွေ ရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ပထမဆုံးမှာ အဲဒီအမျိုးသမီးဝန်ထမ်းဟာ ထီးရဲ့ အကာအကွယ်အောက်မှာမရှိဘဲ ဖြစ်ခဲ့တာပါ။ fancam မှာ မြင်တွေ့ရတဲ့အတိုင်း တချိန်တည်းမှာ ထီးတစ်လက်ကို လူနှစ်ယောက် ဆောင်းဖို့ အခက်အခဲရှိခဲ့ပါတယ်။ အဲဒီဝန်ထမ်း မိုးရေစိုနေတာကို တွေ့လိုက်ရတဲ့အခါ I.M ဟာ သူနဲ့နီးအောင် ဝန်ထမ်းရဲ့ ပုခုံးကို ခပ်ပါးပါးလေး ဆွဲထားခဲ့ပါတယ်။ အဲဒီဝန်ထမ်းဟာ Idol ရဲ့ Privacy ပိုပေးဖို့အတွက် သူနဲ့ နည်းနည်းဝေးနေတာကို တွေ့ခဲ့ရပါတယ်။ ချစ်ဖို့ကောင်းလိုက်တဲ့ I.M လေးရယ်။

Fancam ဗီဒီယို ဒီမှာကြည့်ပါ။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top