Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်မယ့် Monsta X အဖွဲ့

Monsta X အဖွဲကဟာ အခုသီတင်းပတ်မှာ ဆိုးလ်မြို့ကနေ အစပြုပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲတခုကို ပြုလုပ်တော့မှာ ဖြစ်တယ်လို့ အေဂျင်စီက မေ ၂၄ ရက်မှာပဲ ပြောကြားလိုက်ပါတယ်။ Starship အင်တာတိန်းမန့်က အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ အဖွဲ့ဟာ လန်ဒန်၊ အမ်စတာဒမ်၊ မက်ဒရစ်၊ ဘန်ကောက်၊ ဟောင်ကောင် နဲ့ နယူးယောက်မြို့တို့ အပါအဝင် ကမ္ဘာတဝန်းက မြို့ပေါင်း ၁၈ ခုမှာ “The Connect” လို့အမည်ရတဲ့ နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကမ္ဘာ လှည့်ဖျော်ဖြေပွဲမှာ သြဂုတ်လမှာ အဆုံးသတ်မယ်လို့ဆိုပါတယ်။ 

Monsta X အဖွဲကဟာ အခုသီတင်းပတ်မှာ ဆိုးလ်မြို့ကနေ အစပြုပြီး ကမ္ဘာလှည့်ဖျော်ဖြေပွဲတခုကို ပြုလုပ်တော့မှာ ဖြစ်တယ်လို့ အေဂျင်စီက မေ ၂၄ ရက်မှာပဲ ပြောကြားလိုက်ပါတယ်။ Starship အင်တာတိန်းမန့်က အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့ အဖွဲ့ဟာ လန်ဒန်၊ အမ်စတာဒမ်၊ မက်ဒရစ်၊ ဘန်ကောက်၊ ဟောင်ကောင် နဲ့ နယူးယောက်မြို့တို့ အပါအဝင် ကမ္ဘာတဝန်းက မြို့ပေါင်း ၁၈ ခုမှာ “The Connect” လို့အမည်ရတဲ့ နယ်လှည့်ဖျော်ဖြေပွဲကို ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကမ္ဘာ လှည့်ဖျော်ဖြေပွဲ မှာ သြဂုတ်လမှာ အဆုံးသတ်မယ်လို့ဆိုပါတယ်။ 

Monsta X


"Beautiful” လို့ အမည်ရတဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲအပြီး ၈ လအကြာမှာ ပြုလုပ်ကျင်းပတာလည်း ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ဆဌမမြောက် EP အယ်လ်ဘမ်ဖြစ်တဲ့ "The Connect: Dejavu” ဟာ ပြီးခဲ့တဲ့ မတ်လမှာ ထွက်ရှိခဲ့ပြီးတော့ နိုင်ငံပေါင်း ၂၅ နိုင်ငံရဲ့ iTunes Kpop အယ်လ်ဘမ် ဇယားထိပ်ပိုင်းကို ရောက်ရှိခဲ့ပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ ပရိသတ်တွေအတွက် အင်အားပြည့်ဝပြီး ဆန်းကြယ်မြူးကြွတဲ့ ဖျော်ဖြေမှုတွေကို ပြသသွားမှာ ဖြစ်တယ်လိ်ု့ အေဂျင်စီက ပြောဆိုထားပါတယ်။

 

Yonhap

ဆက်စပ်နေသော ရေးသားချက်များ

Banner Top