Logo
Print this page

BIGBANG အဖွဲ့ဝင် GDragon ရဲ့ စစ်မှုထမ်းအစီအစဉ်အချက်အလက်အသေးစိတ်

GDragon ဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင်စစ်မှုထမ်းဆောင်တော့မှာဖြစ်ပါတယ်။

စစ်မှုထမ်းမယ့် အသေးစိတ်အချက်အလက်တွေကတော့ လျှို့ဝှက်အနေနဲ့ ရှိပေမယ့်လည်း သူတာဝန်ထမ်းဆောင်မယ့် နေရာအတိအကျကိုတော့ ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ သတင်းတွေရဲ့အဆိုအရ GDragon ဟာ ဒီနေ့ နေ့လယ်မှာ ဂန်ဝန်းခရိုင်မှာရှိတဲ့ ချောဝမ်မြို့မှာ စစ်ထဲဝင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ စစ်မှုထမ်းတာဝန်ကို မစတင်ခင်မှာ သီတင်းငါးပတ်ကြာ လေ့ကျင့်ရေးတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

GDragon ဟာ စစ်မှုမထမ်းခင် ကြိုတင်ပွဲအခမ်းအနားတွေ လုပ်မှာမဟုတ်ပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာက ပရိသတ်ရာပေါင်းများစွာဟာ စစ်မှုမထမ်းခင် သူ့ကိုနှုတ်ဆက်ဖို့ လေ့ကျင့်ရေးစခန်းမှာ စုရုံးရောက်ရှိနေကြပြီဖြစ်ပါတယ်။ BIGBANG အဖွဲ့ခေါင်းဆောင် GDragon ဟာ ၂၀၂၀ ခုနှစ်မှာ စစ်မှုထမ်း တာဝန်တွေ ပြီးဆုံးမှာဖြစ်ပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!