မကြာခင် သီချင်းအသစ်ထွက်မယ်ဆိုတဲ့ သတင်းနဲ့ ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ G-Dragon
- WN
- Category: News
G-Dragon ဟာ မကြာခင်ပြန်လာဖို့ ပြင်နေပြီ ဂီတလောကကနေ အချိန်အကြာကြီး အနားယူခဲ့ပြီးတဲံနောက် သီချင်းအသစ်ထွက်ဖို့ ပြင်နေပြီလို့ YG အင်တာတိန်းမန့်က မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။
အဲ့ဒီသတင်းထွက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတဝန်းလုံးမှာရှိတဲ့ အွန်လိုင်း ပလက်ဖောင်းတွေအားလုံးမှာ Trend ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ တွစ်တာကနေ အစပြုလို့ hashtag တွေမှာ သူ့ရဲ့နာမည်နဲ့ BIGBANG နာမည်တွေဟာ ကမ္ဘာတဝန်းမှာ စတင် Trend ဖြစ်လာခဲ့ပြီး နာရီအနည်းငယ်အတွင်း Twitter မှာ ပို့ပေါင်း ၃ သိန်းအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။
ကိုရီးယားမှာတော့ သူ့ရဲ့နာမည်ဟာ Site တွေရဲ့ ရှာဖွေမှုမှာ ထိပ်ဆုံးရောက်ရုံသာမက အဲ့ဒီနေ့နှောင်ပိုင်းမှာ သူ့ရဲ့ နာမည်ဟာ Melon နဲ့ Naver တို့မှာ ရှာဖွေမှုအများဆုံးဖြစ်ခဲ့ပါတယ်။ ဒါဟာ G-Dragon ရဲ့ နာမည်ကျော်ကြားမှုကို သက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာတော့ သူ့ရဲ့နာမည်ဟာ ရှာဖွေမှုအားလုံးမှာ ထိပ်ဆုံးရောက်ခဲ့ပြီး သူ့ရဲ့ comeback နဲ့ ပတ်သက်တဲ့ hashtag ဟာ ၂၄ နာရီအတွင်း ကြည့်ရှုသူ သန်း ၃၀၀ ကျော်ရှိခဲ့တာကိုတွေ့ရပါတယ်။ တရုတ်အင်တာနက်အသုံးပြုသူတွေကလည်း သူ့ရဲ့ ပြန်လာမှုအတွက်စိတ်လှုပ်ရှားခဲ့ကြပြီး Quan Zhilong ဆိုတဲ့ သူ့ရဲ့ တရုတ်နာမည်ကို စတင် Trend လာခဲ့ကြပါတယ်။
ဒါ့အပြင် G-Dragon ဟာ ကမ္ဘာတဝန်းမှာရှိတဲ့ Google မှာ စတင် Trend ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဂီတအသစ်ဖြန့်ချိမယ့်ရက်နဲ့ အဲ့ဒီဂီတဖန်တီးနေတာ ပြီးဆုံးပြီလား မပြီးဆုံးသေးဘူးလားလို့ မသိရသေးတာတောင် တော်တော်လေး စိတ်လှုပ်ရှားနေခဲ့ကြတာကို တွေ့ရပါတယ်။
ဆက်စပ်နေသော ရေးသားချက်များ
-
G-Dragon ရဲ့ Comback အစီအစဉ်ကို YG အတည်ပြု
G-Dragon ဟာ မကြာခင် ပြန်လာတော့မှာဖြစ်ပါတယ်။
-
GD မျက်နှာဖုံးရှင်အဖြစ်ပါဝင်တဲ့ Vogue မဂ္ဂဇင်း သက်တမ်းတလျှောက် ရောင်းအားအကောင်းဆုံးဖြစ်လာ
G-Dragon က မျက်နှာဖုံးရှင်အဖြစ်ပါဝင်ထားတဲ့ Vogue မဂ္ဂဇင်းဟာ Idol တစ်ယောက်က မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့တဲ့ မဂ္ဂဇင်းတွေထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
-
စစ်တပ်သင်ကြားရေးလက်ထောက်အနေနဲ့ G-Dragon ခန့်အပ်ခံရကြောင်း ကောလာဟလများကို စစ်တပ်ရှင်းလင်း
ကိုရီးယားစစ်တပ်လူသားအရင်းအမြစ်စီမံခန့်ခွဲရေးအဖွဲ့ သတင်းထုတ်ပြန်ရေးရုံးက အခြေခံံလေ့ကျင့်ရေး ပြီးတဲ့နောက် G-Dragon အတွက် တာဝန်ချထားမှုသတင်းတွေကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
-
အခြေခံစစ်ရေးလေ့ကျင့်မှုမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့တဲ့ G-Dragon သင်ကြားရေးလက်ထောက် အဖြစ်ခန့်အပ်ခံရ
သတင်းတွေရဲ့ အဆိုအရ ဂန်ဝန်ဒို၊ ချောဝန်းနယ်မြေမှာရှိတဲ့ အခြေခံစစ်လေ့ကျင့်ရေး စင်တာမှာ ရောက်နေတဲ့ Big Bang အဖွဲ့ရဲ့ G-Dragon နဲ့ သူ့ရဲ့ လေ့ကျင့်ရေး စစ်သားတွေဟာ သီတင်းငါးပတ်ကြာ အခြေခံ လေ့ကျင့်ရေး ပြီးဆုံးခဲ့ပြီးတဲ့နောက် ဧပြီ ၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ သင်တန်းပြီးဆုံးကြောင်း အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
-
စစ်လေ့ကျင့်ရေးစခန်းမှ GDragon ၏ ဓါတ်ပုံများထပ်မံပေါ်ထွက်လာ
GDragon ဟာ စစ်မှုထမ်းဆောင်နေပြီဖြစ်ပြီးတော့ သူ့ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
-
စစ်လေ့ကျင့်ရေးစခန်းမှ GDragon ၏ ဓါတ်ပုံများထပ်မံပေါ်ထွက်လာ
GDragon ဟာ စစ်မှုထမ်းဆောင်နေပြီဖြစ်ပြီးတော့ သူ့ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။