Banner Top

Member Area

GD မျက်နှာဖုံးရှင်အဖြစ်ပါဝင်တဲ့ Vogue မဂ္ဂဇင်း သက်တမ်းတလျှောက် ရောင်းအားအကောင်းဆုံးဖြစ်လာ

  •  WN
  • Category: News

G-Dragon က မျက်နှာဖုံးရှင်အဖြစ်ပါဝင်ထားတဲ့ Vogue မဂ္ဂဇင်းဟာ Idol တစ်ယောက်က မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့တဲ့ မဂ္ဂဇင်းတွေထဲမှာ ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်လောက်တုန်းက VOGUE Korea မဂ္ဂဇင်းဟာ "လေးနှစ်အတွင်း VOGUE Korea မှာ DRAGON မျက်နှာဖုံးရှင်အဖြစ်ပါဝင်ခဲ့ပြီ" ဆိုတဲ့ ပုံစာနဲ့အတူ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။

1603017850 inshot 20201018 144353865


အဲ့ဒီ ပုံ ၃ ပုံမှာဆိုရင် G-DRAGON ရဲ့အသွင်အပြင်တွေကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ အဲ့ဒီကာဗာဓာတ်ပုံတွေမှာတော့ ‘G-DRAGON’, ‘GD’, နဲ့ ‘Kwon Jiyong’ ဆိုတဲ့စကားတွေကို ကိုရီးယားဘာသာနဲ့ ရေးသားထားပြီး "One Of A Kind" ဆိုတဲ့ စာသားကိုလည်း ကာဗာတိုင်းမှာ ထည့်သွင်းထားပါတယ်။

1603018032 20201016 141628

အဲ့ဒီမဂ္ဂဇင်းဟာ 'ktown4u' ဆိုတဲ့ နာမည်ကျော် site မှာ ကြိုတင်ရောင်းချခဲ့ပြီး ၃ ရက်အတွင်း ကော်ပီစာအုပ် ၂၈၀၀၀ ကျော်ရောင်းချခဲ့ရပြီး EXO အဖွဲ့ဝင် Baekhyun ပါဝင်တဲ့ HARPER`S Bazaar အောက်တိုဘာလထုတ်ကို ကျော်တက်ပြီး စံချိန်သစ်တင်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ktown4u ကနေ ကြိုတင်မှာယူခဲ့ဖူးကြတဲ့အထဲမှာ Idol တစ်ယောက် မျက်နှာဖုံးရှင်အဖြစ် ပါဝင်ထားတဲ့ ရောင်းအားအကောင်းဆုံး မဂ္ဂဇင်းဖြစ်တယ်လို့ သိရပါတယ်။


ဒါကိုကြည့်မယ်ဆိုရင် Kpop ဘုရင်ကြီးရဲ့ စွမ်းအားတွေ ကျဆင်းသွားခြင်း မရှိသေးဘူးဆိုတာ မြင်တွေ့ရပါတယ်။ သူဟာ စစ်မှုထမ်းပြီးချိန်ကတည်းက လုပ်ငန်းတော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းကလည်း Nike နဲ့ပူးပေါင်းမှုဟာလည်း ကမ္ဘာတဝန်းမှာ ရောင်းမလောက်အောင်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလမှာလလည်း Nike နဲ့ ထပ်မံပူးပေါင်းခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ ကိုရီးယားပစ္စည်း ပိတ်ပင်မှုကြောင့်အဆုံးသတ်ခဲ့ရတဲ့ တရုတ် Bran ဖြစ်တဲ့ Nongfu Spring ကိုကြော်ငြာခဲ့ပြီး အဲ့ဒီကုမ္ပဏီရဲ့ သမိုင်းမှာ ရောင်းအားအကောင်းဆုံးကာလကို ရောက်ရှိခဲ့သလို သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေ အားလုံးရောင်းကုန်ခဲ့ပါတယ်။ အခုတော့Vogue မဂ္ဂဇင်းမျက်နှာဖုံး ရှင်အဖြစ် ပါဝင်ခဲ့ပြီး ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပြန်ပါပြီ။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top