Banner Top

Member Area

'The Ellen DeGeneres Show'အစီအစဉ်မှာသီချင်းသစ် 'Fake Love'ကို BTS အဖွဲ့ဖျော်ဖြေမည်

BTS အဖွဲ့ဟာ'The Ellen DeGeneres Show'အစီအစဉ်မှာတဖန်ပါဝင်လာကြဦးမှာဖြစ်ပါတယ်။ Variety.comမှာမေ ၁ ရက် ဖော်ပြထားချက်အရ BTS အဖွဲ့ဟာမေ ၂၅ ရက်မှာပြုလုပ်မယ့် နာမည်ကျော် အမေရိကန် Talk Show အစီအစဉ်မှာပါဝင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့ အယ်လ်ဘမ် အသစ်ဖြစ်တဲ့ 'Love Yourself: Tear'ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ "Fake Love" ကိုဖျော်ဖြေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

bts


ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ BTS အဖွဲ့ဟာ'The Ellen DeGeneres Show'အစီအစဉ်မှာ"MIC Drop"သီချင်းကိုပထမဆုံးဖျော်ဖြေခဲ့ပါတယ်။ အဲဒါ မတိုင်ခင်တော့ BTS အဖွဲ့ဟာ'Top Social Artist'ဆုအတွက် ဒုတိယအကြိမ်မြောက် အဖြစ် ဆန်ခါတင်သတ်မှတ်ခံထားရတဲ့ '2018 Billboard Music Awards' ဆုပေးပွဲကိုတက်ရောက်မှာဖြစ်ပါတယ်။ သူတိုရဲ့ အယ်လ်ဘမ်သစ်ဖြစ်တဲ့ 'Love Yourself: Tear'ကိုမေ ၁၈ ရက်မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

allkpop

Banner Top