Banner Top

Member Area

“What Is Love?” ကြိုတင်မှာယူမှု စံချိန်ချိုးလိုက်တဲ့ TWICE အဖွဲ့

  •  WN
  • Category: Music

TWICE အဖွဲ့ဟာ မကြာမီထွက်ရှိလာတော့မယ့် အယ်လ်ဘမ်နဲ့ စံချိန်သစ်တင်နိုင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ အေဂျင်စီ ဖြစ်တဲ့ JYP အင်တာတိန်းမန့်က အဖွဲ့ရဲ့ “What is Love?” အမည်ရှိတဲ့ အယ်လ်ဘမ်သစ်ဟာ ဖြန့်ဖြူးသူတွေထံကနေ ကြိုတင်မှာယူမှု ၃ သိန်း ၅ သောင်းကျော်ကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တဲ့ “twicetagram” အယ်လ်ဘမ်အတွက် ကြိုတင်မှာယူမှု ၃ သိန်း ၃ သောင်း စံချိန်ထက်ကို ကျော်လွန်ခဲ့တာပါ။TWICE အဖွဲ့ဟာ မကြာမီထွက်ရှိလာတော့မယ့် အယ်လ်ဘမ်နဲ့ စံချိန်သစ်တင်နိုင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ အေဂျင်စီ ဖြစ်တဲ့ JYP အင်တာတိန်းမန့်က အဖွဲ့ရဲ့ “What is Love?” အမည်ရှိတဲ့ အယ်လ်ဘမ်သစ်ဟာ ဖြန့်ဖြူးသူတွေထံကနေ ကြိုတင်မှာယူမှု ၃ သိန်း ၅ သောင်းကျော်ကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တဲ့ “twicetagram” အယ်လ်ဘမ်အတွက် ကြိုတင်မှာယူမှု ၃ သိန်း ၃ သောင်း စံချိန်ထက်ကို ကျော်လွန်ခဲ့တာပါ။

လက်ရှိမှာတော့ TWICE အဖွဲ့ရဲ့ “twicetagram” အယ်လ်ဘမ်ဟာ ပထမသီတင်းပတ် အယ်လ်ဘမ် ရောင်းအားအမြင့်ဆုံး မိန်းကလေးအဖွဲ့စံချိန်ကို ရရှိထားပါတယ်။ TWICE အဖွဲ့ရဲ့ မီနီအယ်လ်ဘမ် ဖြစ်တဲ့ “What is Love?” ကို ဧပြီ ၉ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ဖြန့်ချိမှာဖြစ်ပါတယ်။

 

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top