စိတ်ကူးထဲက ချစ်သူပုံစံအဖြစ် IU ကို ရွေးချယ်ခဲ့ဖူးကြတဲ့ အမျိုးသား အနုပညာရှင်များ
- J
- Category: Trend
IU ဟာ ပရိသတ်တွေကြားမှာသာမဟုတ်ဘဲ အမျိုးသားအနုပညာရှင်တွေကြားမှာလည်း လူကြိုက်များပါတယ်။
သူ ပွဲဦးထွက်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစပြီး IU ဟာ အချစ်တွေအများကြီးရရှိခဲ့တာဟာ လျှို့ဝှက်ချက်တခုတော့ မဟုတ်ပါဘူး။ ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ ကောင်းမွန်လှတဲ့ လူမှုဆက်ဆံရေးတို့ကြောင့် "National's Younger Sister" (တမျိုးသားလုံးရဲ့ ညီမလေး) ဆိုတဲ့ နာမည်ကိုလည်း ရရှိထားသူပါ။
IUဟာ သူ့ရဲ့ ကြင်နာတတ်မှုကြောင့်လည်း ကျော်ကြားတာဖြစ်ပြီး၂၀၁၆ ခုနှစ် ကစတင်ပြီး တနှစ်ကို ကိုရီးယားဝမ် သန်း ၂၀၀ နဲ့ ၃၀၀ ကြားလှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒီလိုပြီးပြည့်စုံလှတဲ့ IUကို သဘောမကျဖို့ဆိုတာကတော့ တကယ်ကို မဖြစ်နိုင်ပါဘူး။ IUကို စိတ်ကူးထဲက မိန်းကလေးပုံစံအဖြစ် ရွေးချယ်ထားခဲ့တဲ့ အမျိုးသားအနုပညာရှင်တွေ အတွက်လည်း တူတူပါဘဲ။သူတို့တွေကိုတော့ အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
BTS အဖွဲ့ဝင် Jungkook
ပထမတယောက်ကတော့ Jungkook ပါ။ အရင်တုန်းကထုတ်လွှင့်မှုတခုမှာ IU ကို သူ့ရဲ့ စိတ်ကူးထဲက မိန်းကလေးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ IUနဲ့ အတူတူ သီချင်းဆိုချင်ပါတယ်လို့လည်း ပြောပြခဲ့ပါတယ်။
Jay Park
Park Jaebum ရဲ့ "Ideal Type Championship" မှာIU ဟာ တကြိမ်အနိုင်ရခဲ့ဖူးပါတယ်။"Championship"မှာA Pinkအဖွဲ့ဝင် Jung Eunji, Suzy, နဲ့ Girls' Generationအဖွဲ့ဝင် Taeyeonစတဲ့ တခြား နာမည်ကြီး အမျိုးသမီး အဆိုတော်တွေလည်း ပါဝင်ပါတယ်။
Lee Dong Wook
ရေဒီယိုထုတ်လွှင့်မှုတခုမှာ မင်းသား Lee Dong Wook ဟာ သူ့ရဲ့စိတ်ကူးယဉ် ချစ်သူပုံစံနဲ့ ပက်သက်ပြီး ပြောပြခဲ့ပါတယ်။ သူက"ကျွန်တော်က ချစ်စရာကောင်းတဲ့သူမျိုးကို သဘောကျတယ်"လို့ပြောခဲ့ပြီး IU ကို သူ့ရဲ့ ideal type နဲ့ အနီးစပ်ဆုံးသူတယောက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
Yoo Seungho
မင်းသား Yoo Seunghoo နဲ့ IUဟာ ၁၉၉၃ခုနှစ်မှာပဲ မွေးဖွားခဲ့ကြတာပါ။
Yoo Seunghoo က သူဟာ ရွယ်တူတွေကို သဘောကျပြီး စိတ်ကူးထဲက ပုံစံအဖြစ် IUကို ရွေးချယ်ခဲ့ပါတယ်။
B1A4 အဖွဲ့ဝင် Sandeul
Jay Park လိုပဲ Sandeul ရဲ့ "Ideal Type Championship" မှာ IUသာ အနိုင်ရခဲ့ပါတယ်။
Yoo Jaehwan
Yoo Jaehwan က IU ဟာ သူ့စိတ်ကူးထဲက မိန်းကလေးပုံစံဖြစ်ကြောင်းကို "Infinite Challenge" မှာ ပြောပြခဲ့ပါတယ်။အနုပညာရှင်တွေ သရုပ်ဆောင်တွေထဲမှာ IU အပေါ် သူ့ရဲ့ သဘောကျမှုကြောင့် "IU's Love" ဆိုပြီးတောင် နာမည်ပြောင်ရရှိထားသူပါ။
J
ဆက်စပ်နေသော ရေးသားချက်များ
-
တရုတ်နိုင်ငံမှာအကျော်ကြားဆုံး အမျိုးသမီးအနုပညာရှင်များအဖြစ် IU နဲ့ BLACKPINK အဖွဲ့ ရပ်တည်
IU နဲ့ BLACKPINKအဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်အတွက် တရုတ်နိုင်ငံမှာအကျော်ကြားဆုံး နိုင်ငံရပ်ခြားအမျိုးသမီးအနုပညာရှင်တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
-
IU လိုအနုပညာရှင် ဖြစ်ချင်တယ်လို့ လီဆွန်းဂီပြော
အဆိုတော်လီဆွန်းဂီက IU လိုမျိုး Kpop အနုပညာရှင်ဖြစ်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
-
IU ရဲ့ နာမည်ကျော်သီချင်း 'Good Day' ထွက်ရှိတာ ၁၀ နှစ်ရှိပြီ
'Good Day' သီချင်းရဲ့ ၁၀ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။
-
YouTube မှာ ကြည့်ရှုသူ သန်း၁၀၀ပြည့်သွားပြီဖြစ်တဲ့ IU ရဲ့ "eight"
IU သီဆိုထားတဲ့ "eight" သီချင်းရဲ့ ဂီတဗီဒီယိုဟာ YouTube မှာ ကြည့်ရှုသူ သန်း ၁၀၀ ရှိသွားပြီလည်း ဖြစ်ပါတယ်။
-
မွေးနေ့မှာအထူးပရိသတ်တွေ့ဆုံပွဲကျင်းပဖို့ စီစဉ်ထားတဲ့ IU
IU ဟာသူ့ရဲ့ မွေးနေ့ကိုပရိသတ်တွေ့ဆုံပွဲတစ်ခုနဲ့ ကျင်းပဖို့အတွက် ကြေညာချက်တစ်ခုနဲ့ ပရိသတ်တွေကို အံ့သြသင့်စေခဲ့ပါ တယ်။ 'My IU'လို့အမည်ပေးထားတဲ့ အဲဒီပရိသတ်တွေ့ဆုံပွဲကိုသူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေ ၁၆ ရက်၊ ဆိုးလ်မြို့မှာကျင်းပဖို့ စီစဉ်ထား ပါတယ်။
-
ကိုရီးယားကလေးများနေ့အတွက် အမေ့လျော့ခံကလေးငယ်များကိုကူညီဖို့ ဝမ် သန်း ၁၀၀ IU လှူဒါန်း
IU ဟာတောင်ကိုရီးယားမှာမေ ၅ ရက်နေ့ဆိုကျရောက်မယ့် ကလေးများနေ့အတွက် ရည်ရွယ်ပြီးတော့ လိုအပ်နေတဲ့ ကလေးငယ်တွေကိုကူညီဖို့ ဝမ် သန်း ၁၀၀ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ Childfund Korea က “IU ဟာကိုရီးယားကမေ့လျော့ခံကလေးငယ်တွေကိုကူညီဖို့ ကိုရီးယားဝမ်သန်း၁ဝဝ ကို လှူဒါန်းခဲ့ပါတယ်၊ IU ဟာမေ့လျော့ခံကလေးငယ်တွေကိုဆက်တိုက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီးသူရဲ့ အခုလိုမျိုးကောင်းမှုကုသိုလ်တွေကိုမပြောဘဲမနေနိုင်ပါဘူး၊ အခုလိုမျိုး လှူဒါန်းတဲ့ ယဉ်ကျေးမှုဟာသူ့အတွက် ကောင်းသတင်းဆောင် ပျံ့နှံ့ပါစေပြီးသူ့ရဲ့ ကူညီမှုကြောင့် လိုအပ်မှုတွေ ရှိနေတဲ့ ကလေးငယ်တွေဟာပျော်ရွှင်ဖွယ်ကလေးများနေ့ကိုရရှိပ်ိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။