မွေးနေ့မှာအထူးပရိသတ်တွေ့ဆုံပွဲကျင်းပဖို့ စီစဉ်ထားတဲ့ IU
IU ဟာသူ့ရဲ့ မွေးနေ့ကိုပရိသတ်တွေ့ဆုံပွဲတစ်ခုနဲ့ ကျင်းပဖို့အတွက် ကြေညာချက်တစ်ခုနဲ့ ပရိသတ်တွေကို အံ့သြသင့်စေခဲ့ပါ တယ်။ 'My IU'လို့အမည်ပေးထားတဲ့ အဲဒီပရိသတ်တွေ့ဆုံပွဲကိုသူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေ ၁၆ ရက်၊ ဆိုးလ်မြို့မှာကျင်းပဖို့ စီစဉ်ထား ပါတယ်။
အဲဒီပွဲမှာ IU နဲ့ အတူသူပါဝင ်သရုပ်ဆောင်ထားပြီးအခုလက်ရှိ ပြသနေဆဲဖြစ်တဲ့ 'My Ahjussi'ဆိုတဲ့ ဇာတ်လမ်းတွဲကို ပရိသတ်တွေ က ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
အဲဒီပွဲဟာ IU ကိုချစ်ခင်မြတ်နိုးကြတဲ့ ပရိသတ်တွေရဲ့ ကျေးဇူးဆပ်တဲ့အနေနဲ့ ကျင်းပမှာဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ IU ရဲ့ နယ်လှည့်ဖျော်ဖြေပွဲနောက်ပိုင်းပထမဆုံးပြုလုပ်တဲ့ ပရိသတ်တွေ့ဆုံပွဲလည်းဖြစ်ပါတယ်။ IU ဟာလက်ရှိမှာတော့ ဒရမ်မာ ရိုက်ကူးရေး လုပ်ငန်းတွေနဲ့ အလုပ်များနေပါတယ်။ 'My Ahjussi'ဇာတ်လမ်းတွဲဟာနောက်ထပ် လေးပိုင်းပြသပြီးရင် အဆုံးသတ်တော့ မှပဲ ဖြစ်ပါတယ်။
kstarlive
ဆက်စပ်နေသော ရေးသားချက်များ
-
တရုတ်နိုင်ငံမှာအကျော်ကြားဆုံး အမျိုးသမီးအနုပညာရှင်များအဖြစ် IU နဲ့ BLACKPINK အဖွဲ့ ရပ်တည်
IU နဲ့ BLACKPINKအဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်အတွက် တရုတ်နိုင်ငံမှာအကျော်ကြားဆုံး နိုင်ငံရပ်ခြားအမျိုးသမီးအနုပညာရှင်တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
-
IU လိုအနုပညာရှင် ဖြစ်ချင်တယ်လို့ လီဆွန်းဂီပြော
အဆိုတော်လီဆွန်းဂီက IU လိုမျိုး Kpop အနုပညာရှင်ဖြစ်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
-
IU ရဲ့ နာမည်ကျော်သီချင်း 'Good Day' ထွက်ရှိတာ ၁၀ နှစ်ရှိပြီ
'Good Day' သီချင်းရဲ့ ၁၀ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။
-
YouTube မှာ ကြည့်ရှုသူ သန်း၁၀၀ပြည့်သွားပြီဖြစ်တဲ့ IU ရဲ့ "eight"
IU သီဆိုထားတဲ့ "eight" သီချင်းရဲ့ ဂီတဗီဒီယိုဟာ YouTube မှာ ကြည့်ရှုသူ သန်း ၁၀၀ ရှိသွားပြီလည်း ဖြစ်ပါတယ်။
-
စိတ်ကူးထဲက ချစ်သူပုံစံအဖြစ် IU ကို ရွေးချယ်ခဲ့ဖူးကြတဲ့ အမျိုးသား အနုပညာရှင်များ
IU ဟာ ပရိသတ်တွေကြားမှာသာမဟုတ်ဘဲ အမျိုးသားအနုပညာရှင်တွေကြားမှာလည်း လူကြိုက်များပါတယ်။
-
ကိုရီးယားကလေးများနေ့အတွက် အမေ့လျော့ခံကလေးငယ်များကိုကူညီဖို့ ဝမ် သန်း ၁၀၀ IU လှူဒါန်း
IU ဟာတောင်ကိုရီးယားမှာမေ ၅ ရက်နေ့ဆိုကျရောက်မယ့် ကလေးများနေ့အတွက် ရည်ရွယ်ပြီးတော့ လိုအပ်နေတဲ့ ကလေးငယ်တွေကိုကူညီဖို့ ဝမ် သန်း ၁၀၀ ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ Childfund Korea က “IU ဟာကိုရီးယားကမေ့လျော့ခံကလေးငယ်တွေကိုကူညီဖို့ ကိုရီးယားဝမ်သန်း၁ဝဝ ကို လှူဒါန်းခဲ့ပါတယ်၊ IU ဟာမေ့လျော့ခံကလေးငယ်တွေကိုဆက်တိုက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီးသူရဲ့ အခုလိုမျိုးကောင်းမှုကုသိုလ်တွေကိုမပြောဘဲမနေနိုင်ပါဘူး၊ အခုလိုမျိုး လှူဒါန်းတဲ့ ယဉ်ကျေးမှုဟာသူ့အတွက် ကောင်းသတင်းဆောင် ပျံ့နှံ့ပါစေပြီးသူ့ရဲ့ ကူညီမှုကြောင့် လိုအပ်မှုတွေ ရှိနေတဲ့ ကလေးငယ်တွေဟာပျော်ရွှင်ဖွယ်ကလေးများနေ့ကိုရရှိပ်ိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။