IOK ဒါရိုက်တာ ကင်ဟန်ဘင်းရဲ့ Instagram မှာ Follower ၃ သန်းသို့ ရောက်ရှိ
- WN
- Category: News
IOK ကုမ္ပဏီရဲ့ In-House Director ဒါရိုက်တာ ကင်ဟန်ဘင်းရဲ့ Instagram အကောင့်မှာ Follower အရေအတွက် ၃ သန်းကို အောက်တိုဘာ ၂၉ ရက်မှာ ရောက်ရှိခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့အကောင့်ကို ပြန်သုံးခဲ့ပြီး သီတင်းတစ်ပတ်အကြာမှာဖြစ်ပြီး Follower အရေအတွက် ၆ သိန်းလောက် ထပ်တိုးရရှိလာတာဖြစ်ပါတယ်။
သူမကြာသေးခင်တုန်းက တင်ထားခဲ့တဲ့ပို့စ်ကတော့ ပရိသတ်တွေဆီက အချစ်တွေ ရရှိခဲ့ပြီး Like ပေါင်း ၁ ဒဿမ ၂ သန်းနဲ့ မှတ်ချက် ၂ သိန်း ၉ သောင်းကျော်ရရှိခဲ့ပါတယ်။ မကြာသေးမီကစလို့ သူ့ရဲ့ အကောင့်ကို ပြန်သုံးလာတဲ့ သူ့အတွက် ပရိသတ်တွေက အထူးပျော်ရွှင်နေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
သူ့ရဲ့မွေးနေ့တုန်းကလည်း Trending ဖြစ်ခဲ့ပြီး နိုင်ငံအသီးသီးနဲ့ ကမ္ဘာတဝန်းမှာ Trend ဖြစ်ခဲ့ပါတယ်။ ပါရမီရှင် အဆိုတော်၊ သီချင်ရေးဆရာ၊ သီချင်းဖန်တီးသူ ဟန်ဘင်းရဲ့ သီချင်းတွေ နားထောင်ချင်တယ်ဆိုရင် SoundCloud မှာ 131 လို့ ရှာဖွေနိုင်ပါတယ်။
ဆက်စပ်နေသော ရေးသားချက်များ
-
IG မှာ တောင်းပန်စာပို့စ်ကိုဖျက်လိုက်ပြီး ဓာတ်ပုံအသစ်တွေတင်လိုက်တဲ့ B.I
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ မူးယစ်ဆေးသုံးစွဲမှုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက် iKON အဖွဲ့ဝင်ဟောင်း B.I ဟာ အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး အဲ့ဒီနှစ် အချိန်အများစုမှာ လုံး၀ Active ဖြစ်မနေခဲ့ပါဘူး။
-
Happy birthday to Kim Han Bin aka B.I
Happy birthday to Kim Han Bin aka B.I