Banner Top

Member Area

IG မှာ တောင်းပန်စာပို့စ်ကိုဖျက်လိုက်ပြီး ဓာတ်ပုံအသစ်တွေတင်လိုက်တဲ့ B.I

  •  WN
  • Category: News

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ မူးယစ်ဆေးသုံးစွဲမှုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီးတဲ့နောက် iKON အဖွဲ့ဝင်ဟောင်း B.I ဟာ အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး အဲ့ဒီနှစ် အချိန်အများစုမှာ လုံး၀ Active ဖြစ်မနေခဲ့ပါဘူး။

ပရိသတ်ရှေ့မှောက်ကနေ ကွယ်ပျောက်မသွားခင် B.I ဟာ သူ့ရဲ့ IG အကောင့်မှာ တောင်းပန်ကြောင်းနဲ့ ပရိသတ်တွေကို နှုတ်ဆက်ကြောင်း တောင်းပန်စာတစ်ခုကို တင်ခဲ့ပါတယ်။

35539480810298e65893c218def1595c

"ကျနော့်ရဲ့ မှားယွင်းတဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေကြောင့် အထူးထိခိုက်ပြီး စိတ်ပျက်ခဲ့ကြတဲ့ ကျနော့်ရဲ့ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်။ ပြီးတော့ တော်တော်လေးလည်း မျက်နှာပူမိပါတယ်။ ကျနော့်ရဲ့လုပ်ရပ်အမှားတွေကို ပြန်လည်သုံးသပ်မှာဖြစ်ပြီး အဖွဲ့ကနေ နုတ်ထွက်ပါ့မယ်။ ကျနော့်ရဲ့ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် ဦးညွှတ်ပြီးတော့ စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။"


— B.I

အဲ့ဒီနောက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမှာတော့ B.I ဟာ အနုပညာရှင် တော်တော်များများရှိရာ IOK Company ရဲ့ အမှုဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ခံလိုက်ရပါတယ်။ အဲ့ဒီသတင်းနောက်ပိုင်းမှာတော့ B.I ဟာ ဂီတအနုပညာလုပ်ငန်းထဲမှာ လမ်းကြောင်းအသစ်တစ်ခု ဆက်လက်ထိုးဖောက်လုပ်ဆောင်ဦးမှာလားဆိုတာ ပရိသတ်တွေက တော်တော်လေးကို သိချင်နေကြပါတယ်။

efeqf ef e eqqfkuyk
နောက်ဆုံးတော့ အောက်တိုဘာ ၂၃ ရက်မှာ B.I ဟာ သူအဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီးချိန်ကစလို့ ပထမဆုံးအနေနဲ့ IG မှာ သတင်းအသစ်တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတင်ခဲ့တဲ့ တောင်းပန်စာကိုလည်း ဖျက်ပစ်ခဲ့ပြီး ဆောင်းဦးရာသီအရသာကို ခံစားရမယ့် ဓာတ်ပုံနှစ်ပုံကို ပုံစာမပါဘဲ တင်ခဲ့ပါတယ်။

yh5yo8 gt f
ဓာတ်ပုံတစ်ပုံမှာတော့ B.I ဟာ ရေအိုင်လေးတစ်ခုအတွင်းမှာ ရောင်ပြန်ဟပ်နေတဲ့ သူ့ရဲ့ပုံရိပ်ပါဝင်ပါတယ်။ အဲ့ဒီလို အထူးအံ့သြဖွယ် လက်ဆောက်ကြောင့် ပရိသတ်တွေဟာ ခံစားချက်ပေါင်းစုံဖြစ်ခဲ့ရပါတယ်။ ဒါဟာ အောက်တိုဘာ ၂၂ ရက်မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့အတွက် B.I ရဲ့ တုံ့ပြန်မှု လို့ ယူဆနေကြပါတယ်။

4 tyjuh64 rg
ဒါဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းနဲ့ Kpop လောကထဲကို သူပြန်လည် ရောက်ရှိလာတဲ့ အစဖြစ်တယ်လို့ ပရိသတ်တွေက ထင်မှတ်ထားကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top