Banner Top

Member Area

Irene တောင်းပန်ခဲ့တဲ့အကြောင်း အယ်ဒီတာ Kang Kook Hwa ရှင်းလင်းချက်ထုတ်

  •  J
  • Category: News

အယ်ဒီတာ Kang Kook Hwa ဟာ Irene ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူကို ဝန်ခံတောင်းပန်ခဲ့တာနဲ့ ပက်သက်ပြီး ကြေညာချက်အသစ်တခု ထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးခင်က Irene ရဲ့ ကြမ်းတမ်းတဲ့ အပြုအမူနဲ့ အဲ့ဒီ အပြုအမူ အတွက် တောင်းပန်ခဲ့တာနဲ့ ပက်သက်ပြီး အယ်ဒီတာ Kang Kook Hwa က သူ့ရဲ့ အတွေးကို ရေးသားခဲ့ပါတယ်။ အယ်ဒီတာက ခုထပ်မံပြီးတော့ ဒီအငြင်းပွားမှုနဲ့ပက်သက်ပြီး ကြေညာချက်တခုကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

"ကျွန်တော် စိတ်ဒဏ်ရာ ရရှိခဲ့ပြီးပြီဖြစ်ပြီး ဒီဒဏ်ရာဟာ အလွယ်တကူ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး။လူသားတယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာအတွက် C ဆီကနေပြီး ကိုယ်တိုင်ကိုယ်ကျ တောင်းပန်မှုကို ရချင်ခဲ့ပါတယ်။ ကျွန်တော် C နဲ့ကုမ္ပဏီ Bက တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့ပြီးပါပြီ။မနေ့ညက အစည်းအဝေးမှာတချို့သောအချိန်တွေနဲ့ အကြောင်းအရာတွေဟာ ညှိနှိုင်းဖို့လိုအပ်ခဲ့ပါတယ်။

ပထမပို့စ်ကို တင်ခဲ့အပြီးမှာ ကျွန်တော် ဘယ်လိုအရေးယူမှုကိုမှမလုပ်ခဲ့ရတဲ့ အကြောင်းရင်းက ဒီလိုအခြေအနေမျိုးမှာ အခြေအနေတွေအားလုံးကို ဆင်ခြင်တုံတရားနဲ့ သေချာရှင်းလင်းတဲ့ ဆုံးဖြတ်ချက်ချကို လုပ်ရမှာကြောင့်ပါ။ အကြီးမှားဆုံး အကြောင်းပြချက်ကတော့ ကျွန်တော် အထင်လွဲမှုအကြီးကြီးအဖြစ် မဖန်တီးချင်တာကြောင့် ဖြစ်ပြီး အခြေအမြစ်မရှိတဲ့ ကောလာဟာလတွေကိုမလိုချင်တာကြောင့်ဘဲ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက် ပြီးပြီးချင်းမှာဘဲ ကုမ္ပဏီBရဲ့ ဝန်ထမ်းဆီကနေတောင်းပန်မှုကို ရရှိခဲ့ပြီး မန်နေဂျာတွေကလည်း C ရဲ့အမှားဆိုတာကို သိခဲ့ကြတာကြောင့် အဓိပ္ပာယ်မရှိတဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ဖို့ မလိုအပ်ဘူးလို့ တွေးခဲ့ပါတယ်။

ကျွန်တော်ဟာ C ရဲ့အဖွဲ့အတွက် stylist တယောက် ဘယ်တုန်းကမှမဟုတ်ခဲ့ပါဘူး။ ကျွန်တော်က အောက်တိုဘာလ ၂၀ရက်နေ့ အင်္ဂါနေ့မှာ ရိုက်ကူးရေး အချိန်ဇယားကြောင့် တရက်တာ stylist လုပ်ခဲ့တာပါ။(ပထမအကြိမ်တုန်း အချိန်ဇယားနဲ့ ပက်သက်ပြီး မေးခဲ့တုန်းက အောက်တိုဘာလ၅ရက်နေဖြစ်ပြီး တရားဝင် အချက်အလက်တွေကိုတော့ အောက်တိုဘာလ၆ရက်နေ့မှာ ရရှိခဲ့တာပါ။ကုမ္ပဏီ B နဲ့ အဖွဲ့ C ရဲ့ တောင်းဆိုချက်တွေအတိုင်း ကျွန်တော်၁၅ရက်ကြာ ပြင်ဆင်ခဲ့ပါတယ်။

"ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ"လို့ ကျွန်တော့်ရဲ့ ပု့ိစ်ကို ပြောခဲ့ရတဲ့ အကြောင်းရင်းက Cက ကျွန်တော်နဲ့အတူ ၂၀၁၆ ခုနှစ်တုန်းကမဂ္ဂဇင်းတခုအတွက် အလုပ်အတူတွဲလုပ်ခဲ့ဖူးတာကို မမှတ်မိတာကြောင့်ပါ(ကျွန်တေယ် ဒါကို မနေ့ကအစည်းအဝေးမှာ အတည်ပြုခဲ့ပြီးပါပြီ) ဘာလို့ဆို ဒီအဖြစ်အပျက်ဟာ ကျွန်တော်တယောက်တည်းပေါ်မှာ မဟုတ်ဘဲ ကျွန်တော့်အချိန်ဇယားအတွက် ကူညီဖို့လာတဲ့ ဂျူနီယာအယ်ဒီတာတယောက်နဲ့ လက်ထောက်တယောက်ပေါ်မှာပါ ဖြစ်ခဲ့တာကြောင့်ပါ။

ဒါကြောင့်ဘဲ သူတို့နှစ်ဦးဟာ တောင်းပန်မှုအတွက် ကျွန်တော်နဲ့အတူ အစည်းအဝေးကိုလိုက်ခဲ့ပြီး Cနဲ့ ကုမ္ပဏီBရဲ့ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ကြပြီး Cစီကနေ တယောက်ချင်းစီအပေါ် တောင်းပန်မှုကို ရရှိခဲ့ပါတယ်။

အစကတည်းက C ရဲ့ ပရိသတ်တွေစီက အမုန်းစကားတွေကို ပြန်တုံ့ပြန်ဖို့ မလိုအပ်ဘူးလို့ ကျွန်တော်ထင်ခဲ့ပါတယ်။ဒါကြောင့်ဘဲဆုံးဖြတ်ထားတဲ့အတိုင်း ကျွန်တော် ဘာကိုမှ အရေးမယူခဲ့ပါဘူး။ဒါပေမဲ့ ကျွန်တော် ပြန်ပြင်ဖို့ လိုအပ်တယ်လို့ တွေးခဲ့တဲ့အမှား၂ခုကတော့ : Cဟာ ဒိလိုအပြုအမူမျိုးကို ဘသူ့အပေါ်ကိုမှထပ်မလုပ်တော့ပါဘူးလို့ ကတိပေးခဲ့ပြီး ကျွန်တော့်အဖွဲ့ထဲက ၂ယောက်ကိုလည်း လူချင်းတွေ့ပြီး တောင်းပန်ခဲ့ပါတယ်။' ကျွန်တော်လိုချင်တဲ့ တောင်းပန်မှုကို ရရှိခဲ့တာကြောင့် တောင်းပန်မှု ရရှိတဲ့ မနေ့ကစပြီး အကုန်လုံးကို ရပ်တန့်လိုက်ပါတယ်'

ဒီလိုလုပ်ရတာနဲ့ ပက်သက်ပြီး ဘယ်လို ငွေကြေးတစုံတရာကိုမှ မရှိခဲ့ပါဘူး။(အောက်တိုဘာလ ၂၀ရက်နေ့အတွက် လုပ်အားခကိုပေးချေပေးဖို့ စောင့်နေခဲ့တာပါ) မနေ့က အစည်းအဝေးမှာတော့ ညှိနှိုင်းမှုဆိုတဲ့ စကားလုံးဟာ မရှိခဲ့ပါဘူး။တောင်းပန်မှုအတွက်ဘဲဖြစ်ပြီး ညှိနှိုင်းမှု မဟုတ်ပါဘူး။

လူတွေရဲ့ ထပ်ပြီး ခွဲခြားဆက်ဆံ တိုက်ခိုက်မှုနဲ့ အထင်လွှဲမှုတွေကိုခံရဖို့ အကြောင်းမရှိတာကြောင့် အဆုံးမှာ ကျွန်တော့်ကိုယ်ကျွန်တော် ကာကွယ်ဖို့ လုပ်ခဲ့ပါတယ်။ ဒါကြောင့် C နဲ့ ကုမ္ပဏီ B ကို သူတို့ရဲ့အမှား၊ တောင်းပန်မှုနဲ့ ကတိပေးမှုတွေအတွက် တရားဝင် ကြေညာချက်ထုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ကျွန်တော့်အတွက်လည်း ဒါဟာ နောက်ဆုံးသော ထုတ်ပြန်ချက်ဘဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာလည်း အလုပ်ရဲ့ သဘောတရားတွေကို နားလည်ပြီးအလုပ်ကပေးတဲ့ အရာမှန်သမျှကို အတတ်နိုင်ဆုံး လက်ခံရင်း ကြိုးစားနေထိုင်နေတဲ့ သူတယောက်ပါ။C ဟာလည်း အဲ့လိုပါဘဲ။ဒီအဖြစ်
အပျက်အတွက်တော့ ဒါဟာ ကိုယ်ရေးကိုယ်တာအဖြစ်အပျက်ပါလို့ ကျွန်တော်မပြောနိုင်ပါဘူး။ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံး သိက္ခာတရားနဲ့ ကိုယ့်ကိုယ့်ကိုတန်ဖိုးထားမှုကို ကာကွယ် အဖတ်ဆယ်ယူတာဖြစ်ပြီး ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တိုင်းဟာလည်း ခုကျွန်တော် ကြုံခဲ့ရသလို တူညီတဲ့ အတွေ့အကြုံမျိုး ရှိကြပါတယ်။

ကျွန်တော် အလုပ်ကိုပိုကြိုးစားမှာဖြစ်ပြီး ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်ဖို့ အကောင်းဆုံးကြိုးစားပြီး ကျွန်တော့်ရဲ့ မူလပုံစံနဲ့ပြန်နေထိုင်သွားမှာပါ။ဒီအဖြစ်အပျက်နဲ့ ပက်သက်ပြီးတော့လည်းဘာကိုမှ အကြာကြီး ယူဆောင်ပြောဆိုနေမှာ မဟုတ်ပါဘူး။ကျွန်တော့်အတွက် မဟုတ်ဘဲ မနေ့က အစည်းအဝေးကို လာရောက်ခဲ့တဲ့ Cအတွက် နောက်ဆုံး ထည့်သွင်းစဉ်းစားပေးခြင်းပါ။ဒါကြောင့်မင်းတို့ဟာလည်း Cကို အမှန်တကယ်ဂရုစိုက်တဲ့ ပရိသတ်တွေဆိုရင်ဒီလောက်မှာဘဲ ရပ်တန့်လိုက်ဖို့ မျှော်လင့်ပါတယ်။ဒီစကားလုံးတွေဟာ ကျွန်တော့်ကို လုံးဝမထိခိုက်စေပါဘူး။ဒါပေမဲ့ C အတွက်တော့
ဘယ်လို ကောင်းမွန်တဲ့ အရာမှ မဖြစ်စေပါဘူး။

နောက်ဆုံးအနေနဲ့ ဒီအခြေအနေမှာ ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ဖော်ထုတ်နေတာနဲ့ မီဒီယာတွေပေါ်မှာ မမှန်ကန်တဲ့ ကောလဟာလတွေကို ဖြန့်တာ ရပ်တန့်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

ကျွန်တော်ရဲ့စာဟာ အရမ်းရှည်နေပါပြီ။ကျွန်တော့်ဘက်က ကြည့်ရင်ရွေးချယ်စရာမရှိပါဘူး။ ဒါပေမဲ့ ဒီစာကိုတော့ ရေးဖို့လိုအပ်တဲ့ အတွက်ကြောင့်ပါ။ကျွန်တော်ဟာ ကိုယ်ရေးကိုယ်တာအရ စိတ်ရင်းနဲ့လည်း ကုမ္ပဏီB ရဲ့ ဝန်ထမ်းကို တောင်းပန်ပြီးပါပြီ။

နောက်ဆုံးအနေနဲ့ ဒီပို့စ်ကနေပြီးတော့ ဒီမှာဘဲ ရပ်တန့်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်။မမှန်ကန်တဲ့ သတင်းတွေ အကြောင်းအရာတွေဟာ နောက်ဆုံးမှာ လူတိုင်းကို နာကျင်စေပြီးစိတ်ဒဏ်ရာရစေနိုင်တာကြောင့် မင်းတို့လည်း ရပ်တန့်ပေးဖို့ မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်"

အယ်ဒီတာ Kang Kook Hwa က သူဟာ အနုပညာရှင်တယောက်စီကနေ ကြမ်းတမ်းတဲ့ အပြုအမူတခုနဲ့ ဆက်ဆံခံခဲ့ရကြောင်း ရေးသားခဲ့ပြီးနောက် netizen တွေက "Monster"နဲ့ "Psycho" ဆိုတဲ့ hashtagတွေကြောင့် ဒါဟာ Red Velvet အဖွဲ့ဝင် Irene ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ Ireneဟာ ပို့စ်ထဲက အဆိုတော်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီးတောင်းပန်ခဲ့ပါတယ်။ ဒီအငြင်းပွားမှု ဖြစ်ပွားပြီးကတည်းက Red Velvetအဖွဲ့ဝင်တွေနဲ့ ပက်သက်ပြီး အကောင်းအဆိုး အတွေ့အကြုံတွေကို ဖော်ပြခဲ့ကြပါတယ်။

 

J

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top