Banner Top

Member Area

Irene ရဲ့ကောင်းမွန်တဲ့စိတ်သဘောထားကို ထောက်ခံပြောဆိုခဲ့တဲ့ Ellena Yim

  •  J
  • Category: News

SM အင်တာတိန်းမန့်ရဲ့ Visual ဒါရိုက်တာနဲ့ stylist တစ်ယောက်ဖြစ်တဲ့ Ellena Yim ဟာ Red Velvet အဖွဲ့ဝင် Irene ရဲ စိတ်သဘောထားဟာ ကောင်းမွန်ပြီး Ireneနဲ့ ဆက်ဆံခဲ့ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

အမည်မသိ Stylist နဲ့ အယ်ဒီတာတစ်ယောက်က Irene ဟာ ဝမ်းနည်းနာကျင်စရာကောင်းတဲ့ စကားလုံးတွေနဲ့ သူ့ကို သုံးနှုန်းခဲ့ကြောင်း ရေးသားခဲ့ပေမဲ့ Miu Miu brand အတွက် Stylist တစ်ယောက်ဖြစ်တဲ့ Ellena Yim ကတော့ Irene ရဲ့ စိတ်နေသဘောထားနဲ့ပက်သက်ပြီး ရှင်းပြခဲ့ပါတယ်။

ef rgrg ef

Ellena Yim က လူတစ်ယောက်က သူ့ရဲ့ မကျေနပ်မှုကို ဖော်ပြလိုက်တာဟာ သူ့ရဲ့အကျင့်စရိုက် စိတ်နေသဘောထားနဲ့ ပက်သက်ပြီးဝေဖန်ခံထိုက်လားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

“အနုပညာရှင်တယောက်က Stylist တစ်ယောက်ကို အကြောင်းတခုခုနဲ့ ပက်သက်ပြီး မကျေနပ်တာကို ဖော်ပြမိရင် သူ့ရဲ့ စိတ်နေသဘေားကို Heather Cho နဲ့ နှိုင်းယှဉ်ပြောရလောက်အောင် ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ဖို့ လိုအပ်လား?”


_Ellena Yim

 

ef ef fg rg r

Ellena Yim ရဲ့ အဆိုအရ Irene ဟာ သူရဲ့ ထင်မြင်ချက်နဲ့လိုချင်တဲ့အရာကို သေချာအောင် လုပ်ကြတဲ့ တခြားအနုပညာရှင်တွေလိုပါဘဲ။

“အယ်ဒီတာတစ်ယောက်၊ အင်တာတိန်းမန့်ကုမ္ပဏီတခုရဲ့ ဝန်ထမ်းတယောက်၊ နောက်ပြီး Stylistတယောက်၊ ကျွန်မအလုပ်တွေ အများကြီး လုပ်ခဲ့ပြီး လူတွေအများကြီးနဲ့လည်း ဆုံဖူးတယ်။ဒီထဲကမှ
Ireneဟာ သူလိုချင်တာနဲ့ သူ့ရဲ့ထင်မြင်ချက်ကို သေချာသိတဲ့ကျွန်မတွေ့ခဲ့ဖူးတဲ့ သူတယောက်ဘဲ”


_Ellena Yim

gf7yuj ef

Ellena Yimက သူဟာ Ireneရဲ့ ညံ့ဖျင်းတဲ့ စိတ်နေသဘောထားကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

“ကျွန်မ ဘယ်တုန်းကမှ Ireneရဲ့ ညံ့ဖျင်းတဲ့စိတ်သဘောထားကိုမတွေ့ခဲ့ဖူးဘူး။ Ireneက သူ့ပတ်ဝန်းကျင်ကလူတွေကို ကျေးဇူးတင်ကြောင်း အမြဲဖော်ပြလေ့ရှိတာကြောင့် ကျွန်မဝမ်းသာကြည်နူးခဲ့ရသေးတယ်။ Irene ကို စိတ်သဘောထားသေးတယ်ဆိုတဲ့ အငြင်းပွားမှုတခုမှာ ဖော်ပြခဲ့တာကြောင့် အရမ်းအံ့သြမိတယ်”


_Ellena Yim

Ellena Yim ရဲ့ အကောင့်ဟာ နဂိုကတည်းက privateဖြစ်ပေမဲ့ Irene ရဲ့ အငြင်းပွားမှုနဲ့ ပက်သက်ပြီး ပို့စ်တင်ခဲ့တဲ့အခါမှာ public ကို ပြောင်းခဲ့ပါတယ်။

SM ကအနုပညာရှင်တွေနဲ့ အလုပ်အတူတွဲလုပ်လေ့ရှိတဲ့နာမည်ကြီး အဆိုတော် အလှပြင်ဆိုင် 'Bit & Booy' ရဲ့ Park Nae Joon ကလည်း Ellen Yim ရဲ့ပို့စ်ကို ထောက်ခံခဲ့ပါတယ်။

တခြားတဖက်မှာတော့ Irene နဲ့ SMအင်တာတိန်းမန့်ဟာ သူ့ရဲ့အပြုအမူနဲ့ပက်သက်ပြီး တောင်းပန်ခဲ့ပါတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top