Banner Top

Member Area

သူ့ရှေ့မှာ မရယ်ဖို့ ပတ်ဘိုဂွန်းကို လီဟိုရီ သတိပေး

  •  Uchun
  • Category: News

အဆိုတော် လီဟိုရီကတော့ မင်းသားပတ်ဘိုဂွန်းကိုသူ့ရှေ့မှာ မရယ်စေချင်တဲ့ ပုံပါပဲ။

444158552

မတ် ၁၈ ရက်မှာပဲ မင်းသား ပတ်ဘိုဂွန်းဟာ JTBC ရုပ်သံလိုင်းရဲ့ 'Lee Hyori's Bed and Breakfast' အစီအစဉ်မှာ အချိန်ပိုင်းအလုပ်သမား တစ်ဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ မင်းသားကို ကြိုဆိုကြရင်းနဲ့ လီဟိုရီ၊ လီဆန်းဆွန်း၊ Girls' Generation အဖွဲ့ဝင် ယွန်နာ နဲ့ တခြားဧည့်သည်တစ်ယောက်တို့ဟာ အတူတူ ထိုင်ခဲ့ကြပြီး ဂျယ်ဂျူးကျွန်းမှာ ဘာလုပ်ချင်သလဲလို့ ပတ်ဘိုဂွန်းကို မေးခဲ့ကြပါတယ်။ ပတ်ဘိုဂွန်းကတော့ ဂျယ်ဂျူကျွန်းမှာ နာမည်ကြီးကဲ ပင်လယ်စာခေါက်ဆွဲကို စားချင်တဲ့အကြောင်း၊ သီချင်းကို နဲ့ ယောဂကို သင်ယူချင်တဲ့အကြောင်းနဲ့ ဓါတ်ပုံရိုက်ချင်တဲ့ အကြောင်း ပြောပြပေးခဲ့ပါတယ်။

သူလုပ်ချင်တဲ့စာရင်းကို ရှင်းပြနေချိန်မှာပဲ ပတ်ဘိုဂွန်းဟာ လီဟိုရီကို မသိလိုက်မသိဘာသာ ကြည့်မိပြီး ရယ်ပြုံးလိုက်ပါတယ်။ လီဟိုရီက ချက်ချင်းဆိုသလိုပဲ "နင် အစ်မကိုကြည့်ပြီး အဲဒီလိုမျိုး မရယ်လိုက်ပါနဲ့၊ ရင်ခုန်ရလို့ပါ" လို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။ တခြားသူတွေကလည်း ဝိုင်းဝန်း ရယ်မောခဲ့ကြပါတယ်။ အဲဒီအခါ လီဟိုရီရဲ့ ခင်ပွန်းသည်ဖြစ်သူ လီဆန်းဆွန်းက "မင်းဘယ်လိုပြုံးပြလိုက်တာလဲ၊ ငါ့ကို တချက်လောက် ပြုံးပြစမ်းပါ" လို့ ပြောခဲ့ပါတယ်။ ရှက်ကိုးရှက်ကန်းဖြစ်စရာအခြေအနေဖြစ်ခဲ့ပြီးတော့ လူတိုင်းဟာလည်း အဲဒီမှတ်ချက်စကားကို မရယ်ဘဲ မနေနိုင်ခဲ့ကြပါဘူး

ဗီဒီယိုကို ဒီမှာကြည့်ပါ။


KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top