Banner Top

Member Area

Lee Hyori နဲ့ အတူအလုပ်တွဲလုပ်ချင်တဲ့ဆန္ဒပြည့်မြောက်သွားပြီဖြစ်တဲ့ MAMAMOO အဖွဲ့ဝင် Hwa Sa

  •  BB
  • Category: Music

MAMAMOO အဖွဲ့ဝင် Hwa Sa ကတော့ Lee Hyori နဲ့အတူအလုပ်တွဲလုပ်ချင်တဲ့ သူ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပြီးပြီလို့ပြောခဲ့ပါတယ်။

သင်သာ "Hangout with Yoo"ဆိုတဲ့အစီအစဉ်ကိုကြည့်တဲ့ပရိသတ်တစ်ယောက်ဆို Hwa Sa,Lee Hyori,Uhm Jung Hwa နဲ့ Jessi သူတို့လေးယောက်က Refund Sisters ဆိုတဲ့ ပရောဂျက်အဖွဲ့တစ်ခုအနေနဲ့ ပေါင်းစည်းခဲ့ပြီး "Don't Touch Me" ဆိုတဲ့သီချင်းနဲ့ပွဲဦးထွက်ခဲ့ကြတယ်ဆိုတာကိုသိကြမှာပါ။

နိုဝင်ဘာ ၅ရက်နေ့က "Cultwo Show"ရဲ့အပိုင်းမှာ သောတရှင်တစ်ယောက်က Hwa Sa ကို "Lee Hyori နဲ့အတူအလုပ်တွဲလုပ်ချင်တဲ့ဆန္ဒပြည့်မြောက်သွားပြီလို့ ငါကြားမိတယ်" ဆိုပြီးပြောခဲ့ပါတယ်။

Hwa Sa ကတော့

"Refund Sisters ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျွန်မရဲ့ဆန္ဒကိုဖြည့်ဆည်းခဲ့ပြီးပါပြီ။မျှော်လင့်ချက်တွေနဲ့ စကားလုံးတွေက ဘဝအပေါ်အတော်သက်ရောက်မှုကြီးတယ်လို့ ကျွန်မထင်တယ်။ MAMAMOO ရဲ့ အယ်လ်ဘမ်ကလည်း ကြီးမားတဲ့အောင်မြင်မှုကိုရဖို့မျှော်လင့်ပါတယ်" ဆိုပြီး ပြောကြားခဲ့ပါတယ်။

MAMAMOO ဟာ "AYA" နဲ့ သူတို့ရဲ့ Comeback ကိုမကြာသေးခင်ကမှပြုလုပ်ထားတာပါ

#BB

ဆက်စပ်နေသော ရေးသားချက်များ

Banner Top