Logo
Print this page

Myongji တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီဖြစ်တဲ့ မင်းသားပတ်ဘိုဂွန်း

မင်းသားပတ်ဘိုဂွန်းဟာ ဒီနေ့မှာဆိုရင် သူ့ရဲ့ ဝိဇ္ဇာဘွဲ့ကို လက်ခံရယူခဲ့ပြီဖြစ်ပါတယ်။

temp 669109a0327c61a0c5e133605c7238ca

မင်းသားဟာ ဖေဖော်ဝါရီ ၂၁ ရက်မှာ Myongji တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပြီဖြစ်ပါတယ်။ ပတ်ဘိုဂွန်းသာ ၂၀၁၄ ခုနှစ်ကတည်းက Myongji တက္ကသိုလ်မှာ ဂီတမေဂျာနဲ့ တက်ရောက်ခဲ့တာဖြစ်ပြီးတော့ နာမည်ကျော်ကြားသူတစ်ဦးအနေနဲ့ အလုပ်များခဲ့ပေမယ့်လည်း ဘွဲ့ရဖို့အတွက် လိုအပ်ချက်တွေအားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ဘွဲ့ယူဖျော်ဖြေမှုဖြစ်တဲ့ 'Hairspray' ကို ပြုလုပ်ပြီးစီးခဲ့ပါတယ်။ မင်းသားပတ်ဘိုဂွန်းဟာ လက်ရှိမှာ JTBC ရုပ်သံလိုင်းရဲ့ 'Hyori's Bed and Breakfast 2' အစီအစဉ်မှာ Girls' Generation အဖွဲ့ဝင် ယွန်နာနဲ့အတူ ပါဝင်လျက်ရှိပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!