Banner Top

Member Area

ဂုံယူနဲ့ ပတ်ဘိုဂွန်းတို့ရဲ့ “Seo Bok” သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကို ဒီဇင်ဘာလမှာ ပြမယ်

  •  WN
  • Category: Movie

မင်းသား ဂုံယူနဲ့ မင်းသား ပတ်ဘိုဂွန်းတို့ရဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်အသစ် “Seo Bok” ကို အခုနှစ်ထဲမှာပဲ ပြသတော့မှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့နှစ် မေလတုန်းက ရိုက်ကူးခဲ့တဲ့ “Seo Bok” ရုပ်ရှင်ကတော့ ကမ္ဘာ့ပထမဆုံးလူသားကိုယ်ပွား Seo Bok (ပတ်ဘိုဂွန်း) နဲ့ပတ်သက်ရမယ့် ထောက်လှမ်းရေးအေးဂျင့်ဟောင်း ဂီဟွန်း (ဂုံယူ) တို့ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ လူသားပုံတူကိုယ်ပွားကို ပိုင်ဆိုင်ဖို့ ရှာဖွေခဲ့ကြတဲ့ တပ်ဖွဲ့တွေရဲ့ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တွေမှာ ပါဝင်ခဲ့ကြပါတယ်။

gong yoo
မင်းသား ဂျိုဝူဂျင်ကတော့ Seo Bok ရဲ့တည်ရှိမှုတွေကို လူတွေမသိအောင် ဖုံးကွယ်ထားဖို့ ကြိုးပမ်းထားရတဲ့ ကိုရီးယားထောက်လှမ်းရေးဗျူရိုအကြီးအကဲ အန်းအဖြစ် ပါဝင်ထားပါတယ်။

park bo gum4
“Seo Bok” `ရုပ်ရှင်ကိုလာမယ့် ဒီဇင်ဘာလမှာ ပြသတော့မှာပဲဖြစ်ပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top