Logo
Print this page

လက်မထပ်မီ ဝါရင့်မင်းသမီးကြီး ကင်မီဂျောင်းနဲ့တွေ့ဆုံခဲ့တဲ့ ပတ်ရှင်ဟေး

သူတို့နှစ်ဦးဟာ နေ့လယ်စာအတူသုံးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်မှာ မင်းသမီး ကင်မီဂျောင်းဟာ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ မင်းသမီး ပတ်ရှင်ဟေးနဲ့အတူ ရိုက်ကူးထားတဲ့ Selfie ပုံတစ်ခုကို ဝေမျှခဲ့ပါတယ်။

20220119 073023 207 0

အဲဒီပုံမှာ မင်းသမီးကြီး ကင်က "အွန်ဆန်ဟာ မကြာခင်မှာ လက်ထပ်ပြီး မိခင်တစ်ယောက် ဖြစ်လာတော့မှာပါ။ အပြင်မှာရိုးရှင်းနဲ့နေ့လယ်စာ ထွက်စားရတာကြောင့် ကျမအတွက် အရမ်းစိုးရိမ်စိတ်ဖြစ်ရပါတယ်။ ကျမ သတိထား သတိထားဆိုပြီးတော့ ကျမတို့ စားနေတဲ့ တလျှောက်လုံးမှာ အကြိမ်ပေါင်း ၅၀ လောက် ပြောနေရတယ်။ လှပတဲ့စုံတွဲလေးဟာ စကားလုံးနဲ့တောင်ဖော်ပြလို့တောင်မရပါဘူး။ သူတို့အတွက် စိတ်ရင်းနဲ့ ဆုမွန်ကောင်းနဲ့ ပျော်ရွှင်မှုတွေ တောင်းဆိုပါတယ်။ ဂုဏ်ယူပါတယ်။ ကျန်းကျန်းမာမာနဲ့ ကောင်းကောင်းမါန်မွန် နေထိုင်နိုင်ပါစေ။" လို့ရေးသားထားတာကိုတွေ့ရပါတယ်။

အွန်ဆန်းဆိုတာကတော့ 'The Heirs' စီးရီးထဲမှာ မင်းသမီး ပတ်ရှင်ဟေး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်နာမည်ဖြစ်ပါတယ်။ အဲဒီစီးရီးထဲမှာ မင်းသမီး ကင်မီဂျောင်းဟာ အွန်ဆန်းရဲ့ မိခင် ပတ်ဟီနမ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေမှာ တွေ့ရသလိုပဲ
မင်းသမီး ပတ်ရှင်ဟေးနဲ့ မင်းသားချွဲထယ်ဂျွန်းတို့ဟာ လာမယ့် ဇန်နဝါရီ ၂၂ ရက်မှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ မကြာခင်မှာလည်း သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို မွေးဖွားတော့မှာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!