Banner Top

Member Area

ဘောလုံးသမားချိုယူမင်နဲ့ လက်ထပ်တော့မယ့် T-ara အဖွဲ့ဝင်ဟောင်း ဆိုယွန်း

  •  Y Nay
  • Category: News

T-ara အဖွဲ့ဝင်ဟောင်း ဆိုယွန်းဟာ သူလက်ထပ်တော့မယ့်အကြောင်း သတင်းကိုကိုယ်တိုင် မျှဝေလာပါတယ်။

ဇန်နဝါရီ ၁၈ ရက် နေ့လယ်ပိုင်းမှာ ဆိုယွန်းဟာ ဘောလုံးသမား ချိုယူမင်းနဲ့ လက်ထပ်တော့မယ့်အကြောင်း ကြေညာချက်ထွက်ပြီးတဲ့နောက် အင်စတာဂရမ်မှာ ပရိသတ်တွေဆီကို စာရေးသားခဲ့ပါတယ်။

သူက "ကျမရဲ့ လက်ထပ်ပွဲအကြောင့် လူကိုယ်တိုင် ပရိသတ်တွေကိုပြောပြချင်ပါတယ်။ ဒါကြောင့် အခုလိုမျိုး စာရေးလိုက်ရတာဖြစ်ပါတယ်။ ကျမရဲ့ပြောင်းလဲသွားတဲ့ပုံရိပ်ကို ပရိသတ်တွေကို ပြသဖို့တချိန်တည်းမှာပဲ မရင်းမနှီးဖြစ်မှုနဲ့ ရင်တုန်မှုတွေကိုခံစားရပါတယ်။ ကျမပွဲဦးထွက်ခဲ့ချိန်ကတည်းက ပရိသတ်တွေကို အကောင်းဆုံးတွေပဲ ပြစဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်။" လို့ဆိုပါတယ်။

ခင်ပွန်းလောင်း ချိုယူမင်းအကြောင်းနဲ့ ပတ်သက်လို့ သူက "ကျမရဲ့ ကျန်ရှိတဲ့ဘဝမှာ သူနဲ့အတူ ဖြတ်သန်းဖို့ ကျမဆုံးဖြတ်လိုက်ပါတယ်။ ကျမကို ဘယ်တော့မှလက်မလျှော့ဘဲ၊ ခက်ခဲတဲ့အချိန်တွေမှာ အမြဲတမ်းအားပေးခဲ့တဲ့သူနဲ့အတူ ကျမက ပြန်လည်ရပ်တည်နိုင်ခဲ့တာပါ။ သူနဲ့အတူ ကျမချစ်ရတဲ့မိဘတွေအတွက်လည်း အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်။" လို့ဆိုပါတယ်။

ပိုကောင်းတဲ့ ဂီတနဲ့ အမျိုးမျိုးသော လုပ်ငန်းတွေမှာ ပရိသတ်တွေပြန်ချစ်ပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဆိုယွန်းနဲ့ ချိုယူမင်းတို့ဟာ အခုနှစ် လာမယ့်နိုဝင်ဘာမှာလက်ထပ်ပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top