Banner Top

Member Area

ရုပ်ရှင်အသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမယ့် T-ara အဖွဲ့ဝင် Ham Eun Jung

  •  mpc
  • Category: Movie

T-ara အဖွဲ့ဝင် Ham Eun Jung ဟာ သုံးနှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပိတ်ကားပေါ်ကို ပြန်လည်ရောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။

Cabin 74 အေဂျင်စီရဲ့အဆိုအရ “I Will Song” လို့အမည်ရတဲ့ ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ဒါရိုက်တာ Lee Sang Hoon ရိုက်ကူးမယ့် ဒီဇာတ်ကားဟာဆိုရင် အဆိုတော်အရမ်းဖြစ်ချင်တဲ့ Mool Kyul ဆိုတဲ့ ကောင်မလေးနဲ့ ဒါရိုက်တာအရမ်းဖြစ်ချင်တဲ့ Ba Ramဆိုတဲ့ ကောင်လေးတို့ ကံကြမ္မာအရ တွေ့ဆုံပြီးတစ်ဉီးချင်းစီရဲ့ ဒဏ်ရာတွေကို ဖြေဖျောက်ပေးပုံတွေကို ပုံဖော်ရိုက်ကူးမယ့် ဇာတ်ကားဖြစ်ပါတယ်။

Eunjung Cabin74 profile photo

ခေါင်းဆောင်မင်းသားနေရာမှာတော့ မင်းသား Goo Won ကသရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဘဝတစ်ခုလုံးမှာ ဂီတပဲလွှမ်းမိုးထားခဲ့တဲ့ Mool Kyul ဟာ အဆိုတော်အဖြစ်ပွဲဉီးမထွက်ခင်မှာ ဘဝရဲ့အဓိပ္ပာယ်တွေကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။

170807 T ARA s Eunjung VIP Premiere of Movie Midnight Runners ham eun jeong 40617129 530 941

Ham Eun Jung က "တစ်ခါမှမလုပ်ဘူးတဲ့ ဇာတ်ကောင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေသလို ကြောက်လည်းကြောက်နေပါတယ်။ နာကျင်မှုတွေကို အောင်အောင်မြင်မြင်ကျော်လွှားပြီး မျှော်လင့်ချက်တွေ တဖန်ပြန်လည် ရှင်သန်လာတဲ့ Mool Kyul အဖြစ် အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်ပါ့မယ်။ လူငယ်တွေအနေနဲ့ ကြောက်ရွံ့မှုတွေကို ဘယ်လိုမျိုးကျော်လွှားမလဲ၊ စိတ်ပျက်နေမယ့်အစား သတ္တိရှိရှိနဲ့ အိမ်မက်တွေကိုရှာဖွေပုံကို ဒီဇာတ်ကားကနေ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

“I Will Song”ဇာတ်ကားကိုတော့ အောက်တိုဘာလလယ်မှာရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top