Banner Top

Member Area

TREASURE အဖွဲ့ရဲ့ ကကွက်အပေါ် အင်တာနက်အသုံးပြုသူတွေ စိုးရိမ်နေ

  •  WN
  • Category: News

အင်တာနက်အသုံးပြုသူတချို့ဟာ YG အင်တာတိန်းမန့်ရဲ့ Idol အဖွဲ့တစ်ခုအတွက် အလွန်အကျွံအန္တရာယ်များတဲ့ ကကွက်ကို ဖန်တီးခဲ့မှုအတွက် ဝေဖန်ပြောဆိုနေကြပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ နာမည်ကျော်အွန်လိုင်း အသိုက်အဝန်းတစ်ခုပေါ်က ပို့စ်တစ်ခုမှာ YG အင်တာတိန်းမန့်ကို ဝေဖန်ခဲ့တဲ့အတွက် လူစိတ်ဝင်စားမှု တော်တော်လေးရခဲ့တာကိုတွေ့ရပါတယ်။
မူရင်းခေါင်းစဉ်မှာတော့ "ဒီဟာကတော်တော်လေးကို ရက်စက်တာပဲ ခင်ဗျားတို့ ရူးနေပြီ။" လို့ ရေးသားထားပြီး "အဖွဲ့ဝင်တစ်ယောက်က နောက်တစ်ယောက်ရဲ့ ကျောပေါ်ကို သုံးကြိမ်တောင် တက်ရဖို့လုပ်ခဲ့တဲ့ ဒီကကွက်ကို ခင်ဗျားတို့ ယုံကြည်နိုင်လား။" လို့လည်း ဖော်ပြထားပါတယ်။

ထိပ်တန်းမှတ်ချက်တွေထဲမှာတော့ "သူဟာ သီချင်းတစ်ပုဒ်ထဲမှာ ၃ ကြိမ်တောင် တက်တယ်။ သူက ကိုယ်စားလှယ်တွေနဲ့ ရန်ဖြစ်ခဲ့လို့လား။" "သူ့ရဲ့ ကျောကုန်းအဆင်ပြေပါ့မလား။" "သူတို့က လေ့ကျင့်ရေးမှာရေ ကြိုတင်ရိုက်ကူးမှုမှာလည်း အဲ့ဒီ တိကျတဲ့ ကကွက်ကို ပုံဖော်ခဲ့ရမယ်ဆိုရင် သူတော်တော်လေး ခံစားခဲ့ရမှာပါပဲ။ အပေါ်တက်တဲ့ တစ်ယောက်ကလည်း တော်တော်လေး အန္တရာယ်ရှိမှာပဲ။" ဆိုတဲ့ မှတ်ချက်တွေ ကိုတွေ့ရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top