Banner Top

Member Area

TREASURE အဖွဲ့နဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကို YG ထုတ်ပြန်ကြေညာ

  •  mpc
  • Category: Music

ဒီကောင်လေးတွေကို မကြာခင်မှာ ပြန်လည် မြင်တွေ့ရတော့မှာပါ။

YG အင်တာတိန်းမန့်ဟာ သူတို့ရဲ့ တက်သစ်စ အမျိုးသားအဆိုတော်အဖွဲ့ ဖြစ်တဲ့ TREASURE ရဲ့ အရေးကြီး သတင်းအချို့ကို ကြေညာခဲ့ပါတယ်။

ggre ju6 fg ef

အောက်တိုဘာလ ၃၀ ရက်နေ့မှာ YG အင်တာတိန်းမန့်ဟာ ဒီ အမျိုးသားအဖွဲ့ ရဲ့ အနာဂတ်လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

"TREASURE အဖွဲ့ရဲ့ တတိယမြောက် Single ဖြစ်တဲ့ "THE FIRST STEP: CHAPTER THREE" အတွက် ပရိုမိုးရှင်းတွေလုပ်ဆောင်သွားဖို့ ကျွန်တော်တို့မှာ အစီအစဉ်တွေ ရှိပါတယ်။ ဒီနှစ်အကုန်အထိ ပရိုမိုးရှင်းတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။ သူတို့အဖွဲ့ရဲ့ ပထမဆုံး အယ်လ်ဘမ်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုတော့ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလမှာ ကျွန်တော်တို့ ကြေညာပေးပါ့မယ်။ နှစ်သစ်ကို ကျွန်တော်တို့ရဲ့ Treasure Makers (fanclub) နဲ့ စတင်ချင်ပါတယ်"

လို့ ပြောကြားခဲ့ပါတယ်။

u5uj ewf ef

ဆက်လက်ပြီး YG အင်တာတိန်းမန့်က အယ်လ်ဘမ်ဖြန့်ချိဖို့ စောင့်နေရတဲ့ အကြောင်းရင်းကိုလည်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ သူတို့ရဲ့ ပထမဆုံးအယ်လ်ဘမ်ဖြန့်ချိမှုကို မြန်မြန်ဆန်ဆန် မလုပ်ချင်ပါဘူး။ နှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်မှုတွေနဲ့ အထူးအစီအစဉ်တွေများလာတဲ့အတွက် အယ်လ်ဘမ်ဖြန့်ချိမှုကို စောင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အယ်လ်ဘမ်ဖြန့်ချိမယ့်အစား သူတို့ရဲ့ ခေါင်းစီးသီချင်း ဖြစ်တဲ့ "MMM" ကို ဖြန့်ချိဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီသီချင်းကို လုံ့လဝီရိယရှိရှိ ပရိုမိုးရှင်း လုပ်မှာ ဖြစ်ပါတယ်"

လို့ပြောကြားခဲ့ပါတယ်။

u6 4ef efeqfeqf

ဒါ့အပြင် " ၂၀၂၁ ခုနှစ်မှာ ပထမဆုံးအယ်လ်ဘမ်ဖြန့်ချိမှုနဲ့အတူ ရသစုံလင် အစီအစဉ် ဖြစ်တဲ့ "Treasure Map" ကိုပြန်လည် စတင်ဖို့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြန့်ချိနေစဉ်အတွင်းမှာလည်း မင်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ထောက်ပံ့မှုတွေ ပေးကြပါ"လို့ ထုတ်ပြန်ခဲ့ပါတယ်။

TREASURE အဖွဲ့ရဲ့ တတိယမြောက် Single အယ်လ်ဘမ်ဖြစ်တဲ့ "THE FIRST STEP: CHAPTER THREE"ကိုတော့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top