Banner Top

Member Area

Vampire နဲ့ တူသော Oppa များ

  •  NR
  • Category: Trend

အခုပြောပြမဲ့ ကိုယ်လူချောလေးတွေကို သူတို့ရဲ့ တည်ငြိမ်တဲ့ ပုံရိပ် ၊ ခပ်ချေချေ အပြုံးတွေကြောင့် လူသိများပါတယ်။တစ်နည်းအားဖြင့် ထူးခြားဆန်းပြားတဲ့ ဆွဲဆောင်မှုပိုင်ရှင် Idol တွေပဲဖြစ်ပါတယ်။

V (BTS)

2 V 1
V ကတော့ မျက်နှာအနေအထား ပေးတဲ့အခါမှာ ဆရာတစ်ဆူပါ။ အထူးသဖြင့် ကင်မရာ ရှေ့ရောက်လာရင်ပေါ့။ V ရဲ့ မျက်နှာ အမူအရာက Vampire တစ်ယောက်လို ခပ်ကြမ်းကြမ်း ဆွဲဆောင်မှုရှိပေမဲ့ အမှန်တော့ V လေးက နတ်သားလေးတစ်ပါးလို စိတ်ထားလှပပါတယ်။

2 V

Yeonjun (TXT)

1 TXT 1
Yeon Jun ဟာ ရယ်ရင်အရမ်းချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ တည်သွားရင်တော့ လုံးဝပြောင်းပြန်ဖြစ်သွားပါတယ်။ ဆွဲဆောင်မှုရှိတဲ့ဘက်ကိုပါ ....
အကြည့်တွေနဲ့တင် သေသွားနိုင်ပါတယ်။

1 TXT

S.Coups (SEVENTEEN)

3 Sco 1
နက်ရှိုင်းတဲ့ မျက်ဝန်းလေးနဲ့ ဖြူဖွေးတဲ့အသားအရည် ကို ပိုင်ဆိုင်ထားတဲ့ S.Coups ဟာဆိုရင် တကယ့်ကို Vampire လေးနဲ့တူပါတယ်။ ပြောရမယ်ဆိုရင် ချစ်ဖို့ကောင်းတဲ့ Vampire လေးပါ။

3 Sco

Jun (SEVENTEEN)

4 Jun 1
Jun ရဲ့ မျက်ရစ်လေး နဲ့ ယောကျ်ားဆန်တဲ့ ခန္ဓာကိုယ်၊ ဆွဲဆောင်မှုရှိတဲ့ အပြုံးကို သတိထားပါနော်။SEVENTEEN အဖွဲ့ဟာ Vampire လေးတွေများပါတယ် CARAT လေးများသတိထားပါနော်။

4 Jun

Hongjoong (ATEEZ)

5 Hoo Jong 1
Hongjoong ရဲ့ ချွန်ထက်သော နှာ‌ခေါင်းနဲ့ ကြောင်မျက်ဝန်း ရယ် ....တစ် ကနေ တစ်ဆယ် အထိ ပြီးပြည့်စုံလွန်းပါတယ်။ ဒါတင်မကသေးပါဘူး။ အနက်ရောင် အနောက်တိုင်းဝတ်စုံ ပါ ဝတ်လိုက်ရင်တော့ ATINY လေးတွေကို ဘယ်သူမှ မကယ်နိုင်တော့ပါဘူး။

5 Hoo Jong

Sehun (EXO)

6 Sehun
Sehun ရဲ့ ညို့ယူချက်ပြင်းတဲ့ မျက်ဝန်း၊ နက်နဲတဲ့မျက်ခုံး၊ ခပ်ချေချေအပြုံး တွေဟာ လူတစ်ယောက်ကို သေစေနိုင်ပါတယ်။ Vampire မှာမှ အချေလေးပါ။

6 Sehun 1

Taemin (SHINee)

7 Taemin 1
ဖျော်ဖြေမှုတွေလုပ်တိုင်းထွက်ပေါ်လာတဲ့ Taemin ရဲ့ ကြောက်စရာကောင်းတဲ့ အကြည့်၊ ကင်မရာကို စူးစူးစိုက်စိုက် ကြည့်ပြီးဆိုရင်တော့ ဆွဲဆောင်မှုအပြည့်နဲ့ Vampire လေးပါပဲ။ဒီ Vampire လေးတွေသာဆိုရင် သေချာပါတယ် သွေးစုပ်ခံကြမယ်ဆိုတာ ။.။။

7 Taemin

#NR

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top