Banner Top

Member Area

ညလယ်စာအတွက်အဆာမခံနိုင်ဘူးလို့ ပြောတဲ့ Jimin

  •  BB
  • Category: Trend

မကြာသေးခင်ကပဲ BTS က Jiminဟာ "I'm here" ဆိုတဲ့ခေါင်းစဉ်နဲ့ live တစ်ခုလွှင့်ခဲ့ပါတယ်။ သူဟာပရိသတ်တွေကိုသူ့စိတ်ထဲကအကြောင်းတွေကိုပြောပြခဲ့ပါတယ်။

သူပြောခဲ့တဲ့အကြောင်းတွေထဲမှာ MAP OF THE SOUL ON:E အွန်လိုင်းပွဲမှာဘာလို့ငိုခဲ့ရတယ်ဆိုတာရယ် Covid-19 ကူးစက်ရောဂါက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်တယ်ဆိုတာကိုသူဘယ်လိုစိုးရိမ်နေတယ်ဆိုတဲ့အကြောင်းရယ် သူဘာလို့ Satoori ကိုသုံးတယ်ဆိုတဲ့အကြောင်းရယ် စတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။

ဒီ Live မှာ သူ့ရဲ့သမိုင်းတွင်မယ့်စကားတစ်ခွန်းကိုပြောခဲ့ပါတယ်။

"ညလယ်စာဆိုတာ မင်းမစားပဲနေနိုင်တဲ့အရာမဟုတ်ဘူး။ အဲ့ဒါကိုလက်ခံနိုင်ရမယ်"

ဆိုပြီးပြောခဲ့တာပါ။

သူက

"သန်းခေါင်ရောက်တိုင်းဗိုက်ဆာတတ်ပါတယ်။ည ၈နာရီ ၉နာရီ လောက်စားလည်း သန်းခေါင်ရောက်ရင်ဗိုက်အမြဲဆာပါတယ်"

လို့ဝန်ခံခဲ့ပါတယ်။

Jimin အကြောင်းကြားပြီးပြီဆိုတာ ညလယ်စာကိုအဆာမခံနဲ့တော့နော်။

#BB

ဆက်စပ်နေသော ရေးသားချက်များ

Banner Top