Banner Top

Member Area

Jimin မွေးနေ့တုန်းက ကတိပေးခဲ့တဲ့အတိုင်း လွှင့်ခဲ့တဲ့ Vlive ကိုကြည့်ရှုသူ ၉ သန်းကျော်ရှိခဲ့

  •  J
  • Category: Trend

BTS အဖွဲ့ဝင် Jimin က အောက်တိုဘာလ ၁၃ ရက်နေ့၊ သူ့မွေးနေ့တုန်းက
ARMY တွေကို ပေးထားတဲ့ကတိအတိုင်း VIive မှာ live လွှင့်ပေးခဲ့တာကြောင့် စောင့်ဆိုင်းနေခဲ့ကြတဲ့ ပရိသတ်တွေ ပျော်ရွှင်ခဲ့ကြပါတယ်။

Live စပြီး မိနစ်ပိုင်းအနည်းငယ်မှာတင်ဘဲ ဝမ်းသာ စိတ်လှုပ်ရှားနေကြတဲ့ ပရိသတ်တွေကြောင့် "JIMIN LIVE" ဆိုပြီး Twitter မှာ ကမ္ဘာတဝန်းTrending ဖြစ်သွားခဲ့ပါသေးတယ်။
Jimin ရဲ့ Live လွှင့်ခဲ့တာဟာ ချိုမြိန်ပြီး တိုတောင်းခဲ့ပေမဲ့ကြည့်ရှုသူ ၈ သန်းနဲ့ heart ၄၈၅ မီလီယမ် ရရှိခဲ့ပါတယ်

Jimin က Vlive မှာ ပရိသတ်တွေနဲ့ မကြာခဏ Live လွှင့်ပြီးဆက်သွယ်ခြင်းမရှိပေမဲ့ တပြိုင်နက်တည်း ကြည့်ရှုသူအများဆုံးဆိုတဲ့ စံချိန်သစ်တခုကို ထပ်ရရှိခဲ့ပါတယ်။ သူ Live လွှင့်နေတဲ့
၇မိနစ်မှာ ကြည့်ရှုသူ ၃ ဒဿမ ၃ သန်း ၊ ၉မိနစ်မှာ ၃ ဒဿမ ၂ သန်းနဲ့ ၃၂မိနစ်မှာ ကြည့်ရှုသူပေါင်း ၉ သန်းကျော် ရှိခဲ့တာပါ။

သူ့အခြေအနေ ကောင်းမွန်စွာရှိကြောင်း အသိပေးခဲ့ပြီး သူတို့ရဲ့
လာမဲ့ အယ်လ်ဘမ်အတွက် ပြင်ဆင်နေတဲ့ အကြောင်းကိုလည်း
ပြောပြခဲ့ပါသေးတယ်။နောက်ပြီး မကြာသေးမီက ဖျက်သိမ်းခဲ့တဲ့
MOTS ON:E ဖျော်ဖြေပွဲနဲ့ ပက်သက်ပြီးတော့လည်း ဆွေးနွေး
ခဲ့ပါသေးတယ်။

Live လွှင့်နေတဲ့အချိန်အတွင်း 10:13 ဖြစ်သွားတာကြောင့် သူ့ရဲ့
မွေးနေ့ကို ရည်ညွှန်းပြီး ဖုန်းကိုပြသခဲ့တဲ့ပုံက ချိုမြိန်လွန်းပြီး ရယ်စရာကောင်းနေခဲ့ပါတယ်။ ပရိသတ်တွေက Mickey Mouse-themed lockscreenကိုပါ မြင်ခဲ့ကြပါသေး
တယ်။

ARMYတွေကိုလည်း သူ့မွေးနေ့မှာ ဆုတောင်းပေးကြတဲ့အတွက်
ကျေးဇူးတင်ကြောင်းပြောပြခဲ့ပြီး သူ့မွေးနေ့အတွက် ပရိသတ်တွေ
ပြင်ဆင်ပေးခဲ့ကြတဲ့ ပွဲတွေကိုလည်း သူတွေ့မြင်ကြားသိခဲ့ရပါတယ်
လို့ ဆိုခဲ့ပါတယ်။ သူတို့ရဲ့ အချိန်ဇယားတွေကြောင့် နောက်ပိုင်းမှာ
အစောကြီးလာပြီး မစောင့်ကြဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

သူ့ရဲ့ Vliveပြီးပြီးချင်းမှာဘဲ Jimin ရဲ့ liveဟာ Vlive Daily Chart မှာ No.1, Vlive Weekly Chart မှာ No.1 နဲ့ Vlive Monthly Chartတို့မှာ No.3 ဖြစ်သွားခဲ့ပါတယ်။ဒါတွေအကုန်လုံးက Jiminရဲ့ ပြိုင်ဘက်ကင်းတဲ့ အစွမ်းနဲ့ သက်ရောက်မှုတွေကြောင့်ပါဘဲ။ မိနစ်၃၀အတွင်း ဒီလိုစံချိန်မျိုးကို
ထိပ်တန်း အဆိုတော် Jiminဘဲ ရရှိနိုင်တာပါ။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top