Banner Top

Member Area

'BE' အယ်လ်ဘမ်အတွက် ဓာတ်ပုံဖြန့်ပြီးတဲ့နောက် ဆိုရှယ်မီဒီယာမှာ လူပြောများခဲ့တဲ့ Jimin

  •  WN
  • Category: Trend

BTS အဖွဲ့ရဲ့ မကြာခင်ထွက်ရှိလာတော့မယ့် 'BE' အယ်လ်ဘမ်အတွက် ပထမဆုံး Concept ဓာတ်ပုံထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။

1603156505787 0


အောက်တိုဘာ ၂၀ ရက်မှာ Big Hit အင်တာတိန်းမန့်ဟာ BTS အဖွဲ့ရဲ့ 'BE' အယ်လ်ဘမ်အတွက် Concept ဓာတ်ပုံတစ်ပုံကို ဖြန့်ချိခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ ဂီတတူရိယာပစ္စည်းတွေနဲ့အတူ အပြာရောင်လွှမ်းမိုးတဲ့ ရိုက်ကွင်းမှာ ပို့စ်ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ ဓာတ်ပုံကို ဖြန့်ချိပြီး မကြာမီမှာပဲ။ BTS အဖွဲ့ဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ လူပြောများလာခဲ့ပြီး အွန်လိုင်း အသိုင်းအဝန်းတွေမှာလည်း လူအပြောဆုံး ခေါင်းစဉ်ဖြစ်လာခဲ့ပါတယ်။


အဲ့ဒီအထဲမှာမှ Jimin ဟာ ဖွင့်ဟလွန်းတဲ့ ဝတ်စုံကြောင့် တော်တော်လေးကို အာရုံစိုက်ခံခဲ့ရပါတယ်။ သူဟာ အဲ့ဒီဓာတ်ပုံအတွက် အကျီမဲ့ အနေအထားမျိုးနဲ့ ပါဝင်ခဲ့တာမဟုတ်ပေမယ့် ပရိသတ်တွေအတွက် ခန္ဓာကိုယ်အရေပြားတချို့ကို လှစ်ဟပြသခဲ့တာဖြစ်ပါတယ်။

1603156602518 0
ARMY တော်တော်များများကတော့ Jimin ရဲ့ ပြောင်ရှင်းနေတဲ့ ပုခုံးကို 'Blood, Sweat & Tears' ဂီတဗီဒီယိုထဲမှာ အမှတ်ရနေကြပါတယ်။ 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top