Logo
Print this page

ရိန်း နဲ့ ဂွမ်ဆန်ဝူး တို့ရဲ့ အိမ်ထောင်ရေး အချစ်ပြိုင်ပွဲ

အဆိုတော်၊ မင်းသား ရိန်း နဲ့ မင်းသား ဂွမ်ဆန်ဝူးတို့ ဟာမြန်မာပရိသတ်တွေနဲ့မစိမ်းပါဘူး။

နှစ်ယောက်လုံးဟာလည်း သာယာတဲ့အိမ်ထောင်ရေးကိုကိုယ်စီပိုင်ဆိုင်ထားကြတဲ့သူတွေပဲဖြစ်ပါတယ်။

 Kwon Sang Woo Rain 2

ပြီးခဲ့တဲ့ရက်ပိုင်းက ရိန်းရဲ့ Web ရသစုံအစီအစဉ်တစ်ခုဖြစ်တဲ့' Season B Season' ကို သူငယ်ချင်းဖြစ်သူမင်းသား ဂွမ်ဆန်ဝူး အလည်လာခဲ့ပါတယ်။
အပြင်ထွက်အားကစားလုပ်ဖို့သွားရင်း ကားပေါ်မှာ နှစ်ယောက်သား ဇနီးသည်တွေအကြောင်းနဲ့အိမ်ထောင်သည်ဘဝဘယ်လိုဖြတ်သန်းလဲဆိုတာကို
အချင်းချင်းဝေမျှခဲ့ပါတယ်။

Kwon Sang Woo Rain 3

အရင်ဆုံး ရိန်း ကစပြီး "ရိုးရိုးသားသားပြောရရင်ငါတို့နှစ်ယောက်လုံးက မိသားစုအတွက်အရမ်းသင့်တော်တဲ့ခင်ပွန်းတွေပဲ ဘာလို့လဲစဉ်းစားကြည့် မနက်စာစားတယ်၊အားကစားလုပ်တယ်နေ့လယ်စာစားတယ်၊အားကစားလုပ်တယ်၊ညစာစားတယ်၊အားကစားလုပ်တယ်" လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Kwon Sang Woo Son Tae Young Rain

ဂွမ်ဆန်ဝူး ဆက်ပြောလိုက်တာကတော့


"ငါတို့လက်ထပ်ထားတာ ၁၂ နှစ်ရှိပြီ။ ရိုးရိုးသားသားပြောရရင်အခုထိ ရည်းစားဘဝလိုပဲခံစားရတယ်။ ငါ့မိန်းမကအခုထိ အရမ်းရှက်နေတုန်းပဲ။ သူအီးပေါက်တဲ့အနံ့တောင်အခုထိမရှူရသေးဘူး"

ဆိုပြီးဖောက်သည်ချခဲ့ပါတယ်။

ရိန်း ကို မင်းရောဘယ်လိုလဲလို့မေးတဲ့အခါမှာ ရိန်းက "ကျွန်တော်တို့ အခုထိလုပ်နေတဲ့အရာတစ်ခုတော့ရှိတယ်။ နေ့တိုင်း အိမ်ထဲကမထွက်ခင် မနက်ရော ညနေရောနမ်းတုန်းပဲ" လို့ပြောခဲ့ပါတယ်။ အဲဒီမှာ ဂွမ်ဆန်ဝူး က


"နမ်းတယ်ဆိုတဲ့အရာက မနက်ရောညရောလုပ်ရမယ့်အရာမဟုတ်ဘူး" အချိန်ဇယားနဲ့သတ်မှတ်ပြီးလုပ်ရမယ့်ဟာမျိုးမှမဟုတ်တာ။ ဘာလဲ EBS ချန်နယ် (တောင်ကိုရီးယား ပညာရေးအစီအစဉ်) လိုမျိုးလားမနက်နဲ့ညနေပဲနမ်းတာလားဆိုပြီးအရွှန်းဖောက်ပြီးမေးခဲ့ပါတယ်။

ဂွမ်ဆန်ဝူး နဲ့ မင်းသမီး ဆွန်းထယ်ယောင်း တို့ဟာပြီးခဲ့တဲ့ စက်တင်ဘာလမှာ သူတို့ရဲ့ ၁၂ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့ကိုကျင်းပခဲ့ပါတယ်။

 

#Real__emnl

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!