Banner Top

Member Area

ဇာတ်လမ်းတွဲမှာ ပထမဆုံးခေါင်းဆောင်မင်းသား အဖြစ်မြင်တွေ့ရမယ့် မင်းသား ဂျောင်ဟယ်အင်း

  •  Micky
  • Category: Trend

မင်းသားဂျောင်ဟယ်အင်ကတော့ မကြာခင်မှာပဲ သူ့ရဲ့ ခေါင်းဆောင်မင်းသား အဖြစ် သရုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်၊ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် 'Pretty Noona Who Buys Me Food' ဆိုတဲ့ ဒရမ်မာမှာ အဓိကမင်းသားအနေနဲ့ ပါဝင်မယ်လို့ အတည်ပြုလိုက်ပါပြီ၊ Noona နေရာမှာတော့ မင်းသမီး ဆွန်းယယ်ဂျင်းက ပါဝင်မှာဖြစ်ပါတယ်၊ 'Goblin'၊ 'While You were Asleep' နဲ့ 'Prison Playbook' တို့လိုမျိုး ဒိတ်ဒိတ်ကြဲ ဇာတ်လမ်းတွဲတွေမှာ ဇာတ်ရံအနေနဲ့ ပါဝင်ခဲ့ဖူးလေတော့ အခုဒရမ်မာကတော့ သူ့အတွက် ပထမဆုံး Lead Role အဖြစ်ပါဝင်လာမှာလည်း ဖြစ်ပါတယ်၊

1

 

အဲဒီဇာတ်ရုပ်နဲ့ပတ်သက်လို့ ဂျောင်ဟယ်အင်းက "ဒီလိုမျိုး ထုတ်လုပ်ရေးကြီးနဲ့ အလုပ်လုပ်ရဖို့ စိတ်ဝင်စားမှုအပြည့်နဲ့ စိတ်လှုပ်ရှားနေပါတယ်၊ ဖိအားရှိတယ်လို့ခံစားရပေမယ်၊ ဒရမ်မာထဲမှာ ထင်မြင်ချက်ကောင်းကောင်းရဖို့ အလုပ်ကြိုးစားသွားမှာပါ" လို့ ပြောကြားပေးခဲ့့ပါတယ်။

 

အဲဒီဒရမ်မာကတော့ ငယ်ကျွမ်းဆွေဖြစ်ကြတဲ့ အမျိုးသားနဲ့အမျိုးသမီးက မကြာခင်မှာပဲ အချစ်ထောင်ချောက်ထဲ မိခဲ့ကြတဲ့အကြောင်းဖြစ်ပါတယ်။ ဂျောင်ဟယ်အင်းကတော့ ကွန်ပျူတာ ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုက ဇာတ်ကောင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဆောဂျွန်ဟီးအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဆွန်းယယ် ဂျင်းကတော့ ဆောဂျွန်ဟီးရဲ့ဘဝကို တောက်ပလာစေဖို့ လုပ်ဆောင်ပေးမယ့် ယွန်ဂျီနာဆိုသူ အဖြစ်သရုပ်ဆောင်မှာ ဖြစ်ပါတယ်၊ အဲဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် မတ်လမှာ စတင်ပြသမှာဖြစ်ပါတယ်။

kstarlive

ဆက်စပ်နေသော ရေးသားချက်များ

Banner Top