Banner Top

Member Area

'Sponsor' စီးရီးမှာ အဓိကမင်းသားနေရာကနေ ဇာတ်ပို့နေရာကိုဆင်းပြီး သရုပ်ဆောင်မယ့် လီဂျီဟွန်း

မင်းသား လီဂျီဟွန်းဟာ အဲဒီစီးရီးမှာ အဓိက မင်းသားအဖြစ် ပါဝင်ဖို့ လုပ်ဆောင်ခဲ့တာပါ။

 ဇန်နဝါရီ ၂၄ ရက်မှာ Victory Content ကနေ သူတို့ရဲ့ အင်စတာဂရမ် အကောင့်မှာ မကြာမီ ပြသမယ့် 'Sponsor' စီးရီးမှာပါဝင်လာမယ့် သရုပ်ဆောင်စာရင်းကို ထုတ်ပြန်လာပါတယ်။

20220125 054858 194 0

အဲဒီပို့စ်အရ မင်းသမီး ဟန်ချယ်ယောင်းနဲ့ မင်းသား ကူဂျာဆောင်းတို့ဟာ အဲဒီစီးရီးရဲ့ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ဖြစ်ပါတယ်။ အဲဒါကြောင့် ပရိသတ်တွေကြားမှာရှုပ်ထွေးမှု နည်းနည်းတော့ဖြစ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ မင်းသမီး လီဂျီဟွန်းကို အရင်က အဲဒီဒရာမာရဲ့ အဓိကမင်းသားအနေနဲ့ ဖော်ပြခဲ့လို့ ဖြစ်ပါတယ်။

20220125 052520 217 0

အဲဒီပို့စ်ရဲ့ ပုံစာမှာလည်း မင်းသား လီဂျီဟွန်းရဲ့ နာမည်ကို မင်းသမီး ဟန်ချယ်ယောင်းနဲ့ မင်းသား ကူဂျာဆောင်းတို့ရဲ့ နောက်မှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ Victory Content ကတော့ အဲဒါနဲ့ ပတ်သက်လို့ အတည်ပြုတာမျိုးမရှိသေးပါဘူး။

မင်းသားလီဂျီဟွန်းဟာ အဲဒီဒရာမာရိုက်ကွင်းမှာ အသိတစ်ယောက်ကိုခေါ်လာပြီး ဆိုးရွားတဲ့ အပြုအမူတွေလုပ်ဆောင်ခဲ့တယ်လို့ဆိုတဲ့ အငြင်းပွားဖွယ်ကိစ္စတေွ ဖြစ်ပျက်ခဲ့ပါတယ်။ မင်းသားကတော့ ရင့်ကျက် အသိဉာဏ်ရှိတဲ့ပုံစံမျိုး ပြုမူခဲ့ခြင်းမရှိခဲ့ဘဲ သူ့အသိနဲ့ ဝန်ထမ်းတွေကြား ထိတိုက်တွေ့မှုဖြစ်ပေါ်လာစေခဲ့မှုအတွက် တောင်းပန်ခဲ့ပါတယ်။

Banner Top