Banner Top
Member Area

Rotten Tomatoes ရဲ့ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး Horror စီးရီးအဖြစ် “Hellbound” ထိပ်ဆုံးမှာရပ်တည်

“Hellbound” စီးရီးဟာ Rotten Tomatoes ရဲ့ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး Horror စီးရီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Netflix Korea ရဲ့ “Hellbound” စီးရီးဟာ အမေရိကန်ရုပ်ရှင်နဲ့ ရုပ်သံသုံးသပ်ချက် ဝက်ဘ်ဆိုက် Rotten Tomatoes ရဲ့ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံး Horror စီးရီးစာရင်းမှာ နံပါတ် ၁ နေရာရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ Netflix က ပြောဆိုပါတယ်။

fullsizephoto1384321

“Hellbound” စီးရီးဟာ ငရဲကိုခေါ်ဆောင်သွားမယ့် ထူးဆန်းတဲ့ ဆတ်သားတွေနဲ့ ရုတ်တရက် ကြုံဆုံရတဲ့လူတွေအကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။ အဲဒီစီးရီးမှာ ယူအာအင်း၊ ကင်ယောင်းဂျိုနဲ့ ပတ်ဂျောင်မင်းတို့ပါဝင်ကြပါတယ်။ အဲဒီစီးရီးကို ပြသခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာတော့ Netflix ရဲ့ လူကြည့်အများဆုံး နံပါတ် ၁ ရုပ်သံစီးရီးအဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

ကမ္ဘာ့ရုပ်ရှင်အဆင့်သတ်မှတ်ရေးဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Rotten Tomatoes ဟာ နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးရုပ်ရှင်တွေနဲ့ စီးရီးတွေကို ရွေးချယ်ပေးအပ်တဲ့ ရွှေခရမ်းချဉ်သီးဆုပေးပွဲကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ “Hellbound” စီးရီးအနောက်မှာ ရပ်တည်နေတဲ့ စီးရီးတွေကတော့ Paramount+ ရဲ့ “Evil: Season 2” စီးရီး၊ Apple TV+ ရဲ့ “Calls: Season 1” စီးရီးနဲ့ Netflix ရဲ့ “Midnight Mass: Limited Series” စီးရီးတွေဖြစ်ကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

  • ကင်ဝူဘင်နဲ့ လီဆုမ်းတို့ပါဝင်မယ့် Netflix ရဲ့ 'Delivery Knight' စီးရီးအသစ်

    ဇန်နဝါရီ ၁၂ ရက်မှာ မင်းသား ကင်ဝူဘင် နဲ့မင်းသမီး လီဆုမ်းတို့ရဲ့ အေဂျင်စီတွေက သူတို့နှစ်ဦးဟာ Netflix ရဲ့ 'Delivery Knight' စီးရီးမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။

     

    မင်းသား ဂန်ယူဆော့ဟာလည်း အဲဒီစီးရီးမှာ ပါဝင်မယ်လို့ အတည်ပြုထားပြီးဖြစ်ပါတယ်။

    'Delivery Knight' စီးရီးဟာ ၂၀၇၁ ခုနှစ်မှာ ဇာတ်အိမ်တည်မယ့် စိတ်ကူးယဉ် စီးရီးဖြစ်ပါတယ်။ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကြောင့် အောက်ဆီဂျင်မျက်နှာဖုံးရဲ့ အကူအညီမပါဘဲ အသက်မရှင်နိုင်တဲ့ လူသားမျိုးနွယ်တို့ရှိရာ အနာဂတ်အကြောင်း ဇာတ်လမ်းဖြစ်ပါတယ်။ လူဦးရေရဲ့ ၁ ရာခိုင်နှုန်းပဲ အသက်ရှင်ကျန်ရစ်နေတာလည်း ဖြစ်ပါတယ်။

    မင်းသား ကင်ဝူဘင်ကတော့ ဂန္တဝင် ပစ္စည်းပို့အမျိုးသား '5-8' ရဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။ '5-8' ဟာ ဘယ်လို ဒုက္ခအခက်အခဲတွေပဲရှိရှိ သူရဲ့ ပစ္စည်းပို့ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးတဲ့ အမျိုးသားဖြစ်ပါတယ်။ မင်းသမီး လီဆုမ်းကတော့ ဆိုယောင်းလို့အမည်ရတဲ့ စစ်တပ်အရာရှိဇာတ်ကောင်နေရာကနေပါဝင်မှာပါ။ မင်းသား ဂန်ယူဆော့ကတော့ ကျွန်းရဲ့ အသက်ရှင်ကျန်ရစ်သူဆိုတဲ့ မျှော်လင့်ချက်နဲ့ ပစ္စည်းပို့အလုပ်သမားဖြစ်ချင်နေတဲ့ ဆာယောဆိုတဲ့ လူငယ်အမျိုးသားဖြစ်ပါတယ်။

    အဲဒီစီးရီးကို အခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ ပြသဖို့ စီစဉ်ထားပါတယ်။

     

  • အောက်တိုဘာလအတွက် Netflix ရဲ့ Top 10 ရုပ်သံအစီအစဉ်စာရင်းမှာ ပါဝင်လာတဲ့ "Record of Youth"

    tvNရဲ့ "Record of Youth" ဒရမ်မာဟာ အောက်တိုလာလအတွက် Netflix ရဲ့ Top 10 ရုပ်သံအစီအစဉ်များစာရင်းမှာ ပါဝင်လာတဲ့ တစ်ခုတည်းသော ကိုရီးယားဒရာမာဖြစ်လာခဲ့ပါတယ်။

  • Netflix က ထုတ်လွှင့်မယ့်ဒရမ်မာမှာ ခေါင်းဆောင်အနေနဲ့ပါဝင်ဖို့ လီဂျောင်ဆော့နဲ့ ကင်ဂျီဝန်းတို့ ဆွေးနွေးနေ

    မင်းသား လီဂျောင်ဆော့နဲ့ မင်းသမီး ကင်ဂျီဝန်းတို့ဟာ မကြာမီထုတ်လွှင့်ပြသဖို့ စီစဉ်ထားတဲ့ Netflix ဒရမ်မာတစ်ခုမှာ ခေါင်းဆောင်ဇာတ်ကောင်တွေအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီဖြစ်ပါတယ်။

Banner Top