ရုပ်ရှင်သရုပ်ဆောင်များအစည်းအရုံးဆုပေးပွဲမှာ ဆန်ခါတင်ဆု ၄ ခုလျာထားခံရတဲ့ 'Squid Game'
- Y Nay
- Category: Series/Tv Shows
'Squid Game' စီးရီးဟာ မကြာခင်ပြုလုပ်မယ့် ၂၈ ကြိမ်မြောက်ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးဆုပေးပွဲ SAG မှာ ဆန်ခါတင်ဆု ၄ ခုလျာထားခံရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၂ ရက်မှာ SAG ဟာ အခုနှစ်ဆုပေးပွဲအတွက် ဆန်ခါတင်ပါဝင်သူတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအထဲမှာ Netflix ရဲ့ 'Squid Game' စီးရီးဟာ စုစုပေါင်း ဆု ၄ ခုအထိ လျာထားခံရတာကိုတွေ့ရပါတယ်။
အဲဒီစီးရီးဟာ 'Outstanding Performance By an Ensemble in a Drama Series' ဆုနဲ့ 'Outstanding Action Performance By a Stunt Ensemble in a Television Series' ဆုတွေကိုလည်း လျာထားခံရပါတယ်။
စီးရီးထဲက အဓိကမင်းသား လီဂျောင်ဂျယ်ကတော့ 'Outstanding Performance by a Male Actor in a Drama Series' ဆုအတွက် တစ်ကြိုပေးခံရပါတယ်။
စီးရီးထဲက အဓိကမင်းသမီး ဂျောင်ဟိုယွန်းကတော့ 'Outstanding Performance by a Female Actor in a Drama Series' ဆုအတွက် သီးခြားဆန်ခါတင်စာရင်းဝင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် 'Squid Game' စီးရီးဟာ 'Screen Actors Guild Awards' ဆုပေးပွဲမှာ ပထမဆုံးဆုရွေးချယ်ပေးအပ်ဖို့ လျာထားခံရတဲ့ ပထမဆုံးအင်္ဂလိပ်စကားမပြောမဟုတ်တဲ့ ရုပ်သံစီးရီး ဖြစ်လာပါတယ်။