Banner Top

Member Area

ယခုနှစ်အတွင်းမှ Webtoon ကို အခြေခံထားတဲ့ နာမည်ကျော် ဒရာမာများ

၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တို့မှာ webtoon ကို အခြေခံတဲ့ ဒရာမာတွေဟာ အထူးအောင်မြင်ခဲ့ပြီးတဲ့နောက် အခု ၂၀၂၀ ပြည့်နှစ်မှာလည်း webtoon ကို အခြေခံတွေ ဒရာမာတော်တော်များများ ရိုက်ကူးလာတာကိုတွေ့ရပါတယ်။

1. Memorist : ထုတ်လွှင့်ခဲ့ပြီး

memorist drama webtoon
Webtoon စာရေးဆရာ JaeHoo ရဲ့ စိတ်ကူးယဉ်ဆန် သည်းထိတ်ရင်ဖို့ လူသတ်သမား ဇာတ်လမ်းလေး ကို ဒရာမာဇာတ်လမ်းတွဲအနေနဲ့ ပုံဖော်ထားသော Memorist ။ ထိရုံနဲ့တင် လူတွေရဲ့ မှတ်ညဏ်ကို ဖတ်ယူနိုင်တဲ့စူပါပါဝါကို ပိုင်ဆိုင်ထားတဲ့ စုံထောက် ဒုံဘက်ရဲ့ ထူးဆန်သော ကွင်းဆက်လူသတ်သမားကို ရင်ဆိုင်ရတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။
မတ်လ ၁၁ ရက်နေ့ကစပြီး tvN ရုပ်သံလိုင်းကနေထုတ်လွှင့်ခဲ့တဲ့ Memorist ဆိုတဲ့ ဒရာမာမှာ ပါဝင်သရုပ်ဆောင်‌ထားတဲ့ သူတွေကတော့ Yoo Seung Ho နဲ့ Lee Se Young တို့ပဲဖြစ်ပါတယ်။

2. Backstreet Rookie : ထုတ်လွှင့်ခဲ့ပြီး

backstreet rookie convenience store saetbyul webtoon drama
အချစ်ဟာသဇာတ်မြူး ဇာတ်လမ်းလေး Backstreet Rookie (Convenience Store SaetByul ) လို့လည်းသိကြပါတယ်။ Ji Chang Wook နဲ့ Kim Yoo Jung တို့အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးကလည်း Webtoon အခြေခံဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

3. Dinner Mate : ထုတ်လွှင့်ခဲ့ပြီး

dinner mate drama webtoon
“ Do you Like to have dinner with me?“ ဆိုတဲ့ Park SiIn ‌ရေးသားထားတဲ့ Webtoon ကို “Dinner Mate" ဆိုတဲ့ ဒရာမာအနေနဲ့ ပြန်လည်အသက်သွင်းထားပါတယ်။ အတူတူ စားရင်းသောက်ရင်း ချစ်မိသွားကြတဲ့ ကောင်လေးနဲ့ ကောင်မလေးအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ မင်းသား Song Seung Heon မင်းသမီး Seo Ji Hye တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

4.Itaewon Class : ထုတ်လွှင့်ခဲ့ပြီး

itaewon class cover version 3
ဒီကားကိုတော့ မသိတဲ့သူ မရှိလောက်ဘူးလို့ထင်ပါတယ် ကိုယ်တွေရဲ့ ဆယ်ရိုဝီ လေး ...ဒီဇာတ်လမ်းဟာလည်း Webtoon ဇာတ်လမ်းလေးကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Park Seo Joon , Kim DaMi , Yoo JaeMyung တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဖခင်အတွက်ကလဲ့စားချေဖို့ ကြိုးစားနေသောကောင်လေးတစ်ယောက်နဲ့ သူကိုအဘက်ဘက်ကကူညီပေးနေသော ခပ်ဆိုးဆိုးကောင်မလေးတို့ရဲ့ အချစ်ဇတ်လမ်းလေးကို ပုံဖော်ထားပါတယ် ဒီဇာတ်လမ်းရဲ့ ထူးခြားချက်က သာမန်အချစ်ဇာတ်လမ်းတစ်ခုတင်မဟုတ်ဘဲ လူနေမူဘဝအမျိုးမျိုးကို ...ရိုက်ပြထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် လူကြည့်နှုန်းတွေအများကြီးနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။

5. Mystic Pop-Up Bar : ထုတ်လွှင့်ခဲ့ပြီး

Mystic Pop up Bar webtoon drama
စိတ်ကူးယဉ်ဆန် (fantasy ) ဇာတ်လမ်းလေး Mystic Pop-Up Bar ဟာလည်း webtoon ဇာတ်လမ်းလေးကိုပြန်လည်ရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်အိမ်လေးကတော့ ဒီလိုပါ ညဘက်တွေမှာ ထူးဆန်စွာပေါ်လာလေ့ရှိတဲ့ Pocha ( ကိုရီးယားဇာတ်ကားတွေမှာတွေ့ရလေ့ရှိတဲ့ အနီ‌ရောင် အရက်ဆိုင်လေး) ဆိုင်လေးမှာဖြစ်ပေါ်လေ့ရှိတဲ့ ထူးဆန်းတဲ့အကြောင်းအရာတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်း‌လေးပဲဖြစ်ပါတယ် BTOB အဖွဲ့ဝင် Yook Sung Jae , Hwang Jung Eun ,Won Young Choi တို့ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ မကြည့်ရသေးတဲ့ ပရိသတ်တွေကို ကြည့်ဖို့ ညွှန်းပါတယ်။


6. True Beauty : ဒီဇင်ဘာလ

true beauty webtoon drama
ဆယ်ကျော်သက်အမျိုးသမီးတွေကြားထဲမှာ အခုတလောနာမည်ကြီးနေတဲ့ Webtoon ဖြစ်တဲ့ True Beauty ကိုမကြာခင်မှာ ဇာတ်လမ်းတွဲအနေနဲ့ တွေ့ရတော့မှာဖြစ်ပါတယ် ။ မိတ်ကပ်ပြင်တဲ့နေရာမှာထူးချွန်လှတဲ့ ရုပ်ဆိုးတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရိုက်ကူးထားပါတယ်။ ဒီ Webtoon ကိုဆိုရင် ဘာသာစကား လေးမျိုးနှင့် ဘာသာပြန်ထားပါတယ် ။ ယူတို့ရဲ့ အသည်းစွဲ ASTRO အဖွဲ့ဝင် Cha Eun Woo နဲ့ Moon Ga Young တို့ကအဓိကပါဝင် သရုပ်‌ဆောင်ထားပါတယ်။ ဇာတ်ကားနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ Page မှာတင်ထားပေးပါတယ် နော်။

7. Model Taxi : ၂၀၂၀ ပြည့်နှစ်အတွင်း ပြသဖို့ရှိ

Model Taxi
Carlos နဲ့ Lee JaeJin တို့‌ရေးသားထားတဲ့ Webtoon ဖြစ်တဲ့ Model Taxi ဟာလည်း အခုနှစ်အကုန်လောက်မှာထွက်မယ်လို့တော့ ကြေညာထားခဲ့ပါတယ်။ ခရီးသည်တွေအတွက် ကလဲ့စားချေပေးတဲ့ Model Taxi လေးအကြောင်းပါ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ မင်းသား Lee Je Hoon ကို အဓိက ဇာတ်ကောင်အဖြစ်တွေ့ရှိရမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ထူးခြားပါတယ်။စောင့်ကြည့်သင့်ပြီ ထင်တယ်။

8 . Crime Puzzle : ၂၀၂၀ အတွင်းပြသဖို့ရှိ

park haejin crime puzzle
အခုနှစ် အကုန်လောက်မှာ ထွက်ဖို့ရှိတဲ့ Crime Puzzle ဆိုတဲ့ ဇာတ်လမ်းတွဲသည် Webtoon စာရေးသူ Meen ရဲ့ဖန်တီး ရေးသားမှုပဲဖြစ်ပါတယ်။ လူသတ်မူတစ်ခုကြောင့် ထောင်ထဲရောက်နေတဲ့သူ၊ ဖခင်ဖြစ်သူအသတ်ခံလိုက်ရတဲ့ profiler တစ်ယောက် သူတို့နှစ်ဉီးကြားဘယ်လိုဆက်နွယ်မှုတွေရှိနေမလဲဆိုတာတော့ ပရိသတ်တို့ စောင့်ကြည့်လိုက်ပါဦး။ မင်းသား Park Hae Jin က အဓိကပါဝင်သွားမှာဖြစ်ပါတယ်။

9. Hellbound : အခုနှစ်သို့မဟုတ် နောက်နှစ် Netflix ကနေပြဖို့ရှိ

the hell webtoon drama netflix
၂၀၂၀ ပြည့်နှစ် ဒါမှမဟုတ် ၂၀၂၁ ခုနှစ် မှာ Netflix ကနေထုတ်လွှင့်နိုင်ချေရှိတဲ့ Hellbound ဆိုတဲ့ ဇာတ်လမ်းတွဲသည် နာမည်ကြီး Webtoon စာရေးဆရာတွေဖြစ်ကြတဲ့ Yeon Sang Ho၊ Choi Kyu Suk တို့ရဲ့ The Hell ဆိုတဲ့ ဇာတ်လမ်း‌‌ကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ရုတ်တရက်ကြီး ဖြစ်ပေါ်လာတဲ့ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခု အဲ့ဒီဖြစ်ရပ်ဟာ အံသြဖွယ်ရာလား ဒါမှမဟုတ် ကျိန်စာများဖြစ်နေမလား ဆိုတာစောင့်ကြည့်လိုက်ရအောင်။ အဓိက သရုပ်ဆောင်အနေနဲ့ ကိုယ့် အသဲလေး Yoo Ah In နဲ့ Park Jung Min, Kim Hyun Joo ,Won Jin Ah တို့ကပါဝင်သွားမှာ ဖြစ်ပါတယ်။

10. “A Falling Cohabitation” :၂၀၂၀ အတွင်း ပြဖို့ရှိ

A Falling Cohabitation webtoon drama 
ကဲ ..ဉီးဉီးမြေခွေးကားပြီးလို့ ထပ်ပြီးမြေခွေးချောချောလေးကို ကြည့်ချင်သေးတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကိုသာ စောင့်ကြည့်ကြပါနော်။ နှစ်ပေါင်းရာကျော်စွာရှင်သန်နေသော မြေခွေးလေးနဲ့ ကောလိပ်ကျောင်းသူလေးတို့ အမှတ်မထင်ဆုံမိသောအခါ။။ တွေ့ဆုံရတဲ့အကြောင်းရင်းကတော့ ကောင်မလေးက အမှတ်မထင်ပဲ မြေခွေးရဲ့ အမြုတေ( စွမ်းအားအရင်းမြစ် )ကို မျိုချမိလိုက်ပါတယ် ...တစ်နှစ်အတွင်းမှာ ပျက်စီးသွားနိုင်တဲ့ အမြုတေကို မြေခွေးချောချောလေးတစ်ယောက် ဘယ်လိုကာကွယ်မယ်ဆိုတာ စောင့်ကြည့်ကြမယ်ဆိုတာ ယုံကြည်ပါတယ် ။
ဒီထဲကမြေခွေးလေးကတော့ Jang Ki Young မင်းသမီးလေးကတော့ Hye Ri ပဲဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top