Banner Top

Member Area

မင်းသမီး ဂူဟေဆွန်းက ခေတ်သစ်စန္ဒရားဂီတကို မိတ်ဆက်ပေးတဲ့ YouTube ချန်နယ်အသစ်ဖွင့်လှစ်

  •  YuNandarHtun
  • Category: News

စန္ဒရားတေးဂီတအသစ်တွေကို မိတ်ဆက်ပေးဖို့ မင်းသမီး ဂူဟေဆွန်းက YouTube ချန်နယ်သစ်တစ်ခုဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာ ဂူဟေဆွန်းက ကသူရဲ့ အင်စတာဂရမ် မှာ YouTube မှ ဓာတ်ပုံတစ်ပုံကိုတင်လိုက်ပြီး ပရိသတ်တွေကိုသူရဲ့ ချန်နယ် အသစ်မှတဆင့်နှုတ်ဆက်လိုကြောင်းပြောကြားခဲ့ပါတယ်။ သူက“ စတူဒီယို ဂူဟေဆွန်းဖွင့်လှစ်ခြင်းနဲ့အတူ ကျမ နှုတ်ဆက်လိုပါတယ်” ဆိုတဲ့ စာသားနဲ့တကွ ဓာတ်ပုံကိုတင်ခဲ့ပါတယ်။

ဒီ ချန်နယ်မှာမင်းသမီးကိုယ်တိုင်ဖန်တီးထားတဲ့ခေတ်သစ် စန္ဒရားတေးဂီတပါဝင်မှာပါ။ 'Hello, This Goo Hye Sun' ခေါင်းစဉ်တပ်ထားသောဗီဒီယိုမှာ သူက ခေတ်သစ် စန္ဒရားတေးဂီတကိုလူအများအားမိတ်ဆက်ပေးလိုကြောင်းပြောကြားခဲ့ပါသေးတယ်။ သူက "လူများစွာကို ခေတ်သစ် စန္ဒယားဂီတအကြောင်းသိစေဖို့အတွက် ကျွန်မ ဒီချန်နယ်ကိုလုပ်ခဲ့တာဖြစ်ပါတယ်။

သူက“ကျမ တေးဂီတအားလုံးကိုဝေမျှတဲ့အချိန်မှာ ပရိသတ်တွေကို တွ့ဆုံဖို့ မျှော်လင့်ပါတယ်။ ” လို့ ဆိုပါတယ်။ မင်းသမီး ဂူဟေဆွန်းက သူ့ရဲ့ New Age စန္ဒရားအယ်လ်ဘမ်ကို ၂၀၀၉၊၂၀၁၅ နဲ့ ယခုနှစ်စက်တင်ဘာလမှာ ဖြန့်ချိခဲ့ပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top