Banner Top

Member Area

ဒီနေ့နှောင်းပိုင်းမှာ စစ်မှုထမ်းတော့မယ့် EXO အဖွဲ့ဝင် Chen

  •  WN
  • Category: News


Chen ဟာ စတုတ္ထမြောက် EXO အဖွဲ့ဝင်အနေနဲ့ ဒီနေ့ (အောက်တိုဘာ ၂၆) နှောင်းပိုင်းမှာ စစ်မှုထမ်းတော့မှာဖြစ်ပါတယ်။

သူကိုယ်တိုင်က တိတ်တဆိတ်သာ စစ်မှုထမ်းလိုတာကြောင့် စစ်မှုထမ်းမယ့်အချိန်နဲ့ နေရာကို SM အင်တာတိန်းမန့်က ထုတ်မပြောခဲ့ပါဘူး။ သူဟာ တာဝန်ကျ စစ်သားတစ်ဦးအနေနဲ့စစ်မှုမထမ်းခင် အခြေခံလေ့ကျင့်ရေးသင်တန်းကိုလည်း တက်ရောက်ရမှာဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ် မေလနဲ့ ဇူလိုင်လ၊ အခုနှစ် မေလတို့မှာ စစ်မှုထမ်းခဲ့ကြတဲ့ Xiumin, D.O နဲ့ Suho တို့နောက်ပိုင်း စစ်မှုထမ်းတဲ့ စတုတ္ထမြောက်အဖွဲ့ဝင် ဖြစ်လာမှာပါ။.

ဆက်စပ်နေသော ရေးသားချက်များ

Banner Top