Banner Top

Member Area

CNBLUE ရဲ့ Comeback အကြောင်း ပရိသတ်တွေဆီကို သတင်းစကားပါးလာတဲ့ ဂျောင်ယုံဟွာ

CNBLUE အဖွဲ့ဝင် ဂျောင်ယုံဟွာဟာ အဖွဲ့ရဲ့ comeback နဲ့ပတ်သက်ပြီး သူ့ရဲ့တွစ်တာအကောင့်ကနေ ပရိသတ်တွေဆီကို သတင်းစကားပါးခဲ့ပါတယ်။


သူဟာ FNCအင်တာတိန်းမန့်နဲ့ စာချုပ်ပြန်လည်ချုပ်ဆိုခဲ့ပြီး CNBLUE အဖွဲ့အနေနဲ့ အလုပ်တွေဆက်လုပ်ဖို့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂန်မင်ယော့၊ လီဂျောင်ရှင်းတို့နှစ်ဉီးနဲ့လည်း သဘောတူညီမှုရရှိပြီးပြီ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ၁၀နှစ်ကြာ အတူတကွလုပ်ကိုင်ပြီးတဲ့နောက်မှာလည်း ဒီအတိုင်း အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ သူတို့အနေနဲ့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဂီတဖန်တီးမှုတွေကို ရပ်တန့်မှာမဟုတ်ဘူးလို့လည်း ရေးသားထားပါတယ်။

fe fe julo8p98p

ဂျောင်ယုံဟွာက

"အားလုံးပဲ မင်္ဂလာပါ ကျွန်တော်ကတော့ ဂျောင်ယုံဟွာပါ။ ၃နှစ်နဲ့ ၈လအကြာမှာ ကျွန်တော်တို့ ပထမဆုံး Comeback နဲ့အတူ ကျွန်တော်တို့ရဲ့ စာချုပ်အသစ်တွေ၊ ပရိုမိုးရှင်းအသစ်တွေနဲ့ ပတ်သက်ပြီး ရိုးရိုးသားသားဝန်ခံချင်ပါတယ်။ ကိစ္စတွေအများကြီး လည်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောမပြနိုင်တဲ့ အရာတွေအများကြီးရှိခဲ့တယ်။ အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ဝမ်းနည်းမှုတွေ ဖြစ်ခဲ့ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ရှိနေတဲ့အရာတွေကို ပြောဖို့ ကျွန်တော့်အတွက် တာဝန်ယူမှုနဲ့ ဖိအားတွေ အများကြီး ရှိခဲ့တယ်။ ကျွန်တော့် သူငယ်ချင်းတွေ၊အဖွဲ့ဝင်တွေအပြင် ကုမ္ပဏီနဲ့ပါ ဆွေးနွေးပြီးတဲ့နောက်မှာ CNBLUE အဖွဲ့အနေနဲ့ ဆက်လက်ပြီး ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ဂီတတွေ ဖြန့်ချိဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကျွန်တော်တို့ လစ်လပ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်သစ်၊ နှလုံးသားအသစ်တွေနဲ့ ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်"

လို့‌ရေးသားထားပါတယ်။

ဒါ့အပြင် သူက

"အရာရာတိုင်းကို ကျွန်တော်တို့ထက်ပိုပြီး စိုးရိမ်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေကို တကယ့်ကိုကျေးဇူးတင်သလို တောင်းလည်းတောင်းပန်ပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံခဲ့ရတာတောင်မှ ကျွန်တော်တို့ကို အမြဲတမ်းစောင့်မျှော်နေတဲ့ BOICE တွေကို ကျေးဇူးတင်ပါတယ်။ ပရိုမိုးရှင်းအသစ်တွေကနေ အားလုံးအတွက် ပျော်ရွှင်စရာကောင်းတဲ့ အရာတွေကို ကျွန်တော်တို့ ယူဆောင်လာပေးပါ့မယ်။ ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဂီတတွေဆက်လက် ဖန်တီးပါ့မယ်။ BOICEတွေဟာ ကျွန်တော်တို့တွေအတွက် အကြီးမားဆုံးခွန်အားဖြစ်ပါတယ်။ အားလုံးကို အမြဲတမ်းပဲ အကောင်းဆုံးတွေကို ပြသနိုင်ဖို့ ကတိပေးပါတယ်"

လို့ သတင်းစကားဝေမျှထားပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

Banner Top