Banner Top

Member Area

အောက်တိုဘာလရဲ့ Brand တန်ဖိုးအမြင့်ဆုံး အမျိုးသားအဆိုတော်အဖွဲ့ဝင် ၃ ယောက်

  •  Real__emnl
  • Category: News

အောက်တိုဘာလအတွက် Kpop အမျိုးသား Idolတွေရဲ့ Brand တန်ဖိုး အဆင့်သတ်မှတ်ချက်စာရင်းမှာတော့ BTS အဖွဲ့ဝင် Jimin ၊ EXO အဖွဲ့ဝင် Baekhyun နဲ့ Pentagon အဖွဲ့ဝင် ရဲ့ Hui တို့ကထိပ်ဆုံးမှာရပ်တည်နေပါတယ်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ ရက်နေ့ကနေအောက်တိုဘာ ၁၆ ရက် အထိ Korea Instiute of Corporate Reputation ကအမျိုးသားအဆိုတော်အဖွဲ့ဝင် အယောက် ၁၀၀ စာရင်းကိုထုတ်ပြန်ခဲ့ပါတယ်။


အဲ့ဒီ စာရင်းမှာတော့ မီဒီယာပေါ်မှာ ပရိသတ်တွေကိုလွှမ်းမိုးနိုင်မှု ကျော်ကြားမှု စတဲ့အချက်အလက်တွေနဲ့တွက်ချက်ထားတာပဲဖြစ်ပါတယ်။

1602896961 141552 145505 189
ပထမအနေနဲ့ BTS အဖွဲ့ဝင်ဖြစ်တဲ့ Jimin ကတော့ အမှတ်ပေါင်း 5,511,794 နဲ့ပထမ နေရာကိုဆက်လက်ထိန်းသိမ်းထားပါတယ်။


BTS ရဲ့တခြားအဖွဲ့ဝင်တွေဟာလည်း ဒီနှစ်ရဲ့ Top 10 နေရာတွေမှာဆက်လက်ပါဝင်နေပါတယ်။


ဒုတိယနေရာမှာတော့ EXO အဖွဲ့ဝင် Baekhyun က အမှတ်ပေါင်း 4,368,575 နဲ့ရပ်တည်နေပါတယ်။ တကိုယ်တော်လှုပ်ရှားမှုတွေနဲ့ SuperM အဖွဲ့ဝင်အနေနဲ့ပါလှုပ်ရှားနေပါတယ်။


တတိယနေရာမှာတော့ Pentagon ရဲ့အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ Hui က အမှတ်ပေါင်း 3,862,218 နဲ့အသီးသီးရပ်တည်နေပါတယ်။

1602896961 141552 145504 1750

နံပါတ် ၄ ကနေ ၁၀ အထိကတော့BTS အဖွဲ့ဝင် Jungkook,BTS အဖွဲ့ဝင် V,NCT အဖွဲ့ဝင် Taeyong,BTS အဖွဲ့ဝင် SUGA,BTS အဖွဲ့ဝင် Jin,EXO အဖွဲ့ဝင် Kai နဲ့ NCT အဖွဲ့ဝင် Jaehyun တို့ပဲဖြစ်ပါတယ်။

#Real__emnl

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top