“Make a Wish (Birthday Song)” အတွက် Reaction ဗီဒီယိုလုပ်ခဲ့တဲ့ NCT U အဖွဲ့
- YuNandarHtun
- Category: News
NCT U ကသူတို့ရဲ့“ Make A Wish (Birthday Song)” ဂီတဗီဒီယိုအသစ်အတွက်ကြည်နူးဖွယ်ကောင်းတဲ့ Reaction ဗီဒီယိုတစ်ခုကိုဝေမျှထားပါတယ်။
အောက်တိုဘာ ၁၆ ရက်နေ့မှာ NCT U ဟာသူတို့ရဲ့ "Make A Wish (Birthday Song)" ဂီတဗီဒီယို အတွက် ပျော်စရာကောင်းတဲ့ Reaction ဗီဒီယိုကို တင်ခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ်ဂီတဗီဒီယိုကိုကြည့်ရှုခြင်းမှာ အဖွဲ့ဝင်တွေက သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုဖော်ပြပြီး ဗီဒီယိုကို စတင်ပါတယ်။
Taeyong က “ဒီတေးဂီတဗီဒီယိုကိုကျွန်တော်တို့မနေ့ကပဲလုပ်ဖြစ်ခဲ့တာဖြစ်လို့အရမ်းအံ့သြသွားတယ်” လို့ဆိုထားပါတယ်။
ဗီဒီယိုဖိုင်တစ်လျှောက်မှာ Taeyong၊ Doyoung၊ Jaehyun၊ Lucas၊ Xiaojun၊ Jaemin နဲ့ Shotaro တို့တစ်ဦးချင်းစီရဲ့မြင်ကွင်းတွေကို လေးစားပြီးအေးအေးဆေးဆေးကြည့်ရှုခဲ့ကြပြီး သူတို့ရဲ့လုပ်ဖော်ကိုင်ဖက် အဖွဲ့သားတွေကိုချီးကျူးခဲ့ပါတယ်။ ဂီတဗီဒီယိုရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းမှာ ပါဝင်တဲ့ အဖွဲ့ဝင် ၇ ဦးလုံးဟာ မီးတောက်ထဲမှာ မှော်ဆန်ဆန် ပျော်ကွယ်ငွားကြတဲ့ ဇာတ်ဝင်ခန်းတစ်ခုအပါအဝင် ဂီတဗီဒီယိုထဲမှာ ပါဝင်တဲ့ အထူးပြုလုပ်ချက်တွေကြောင့် တော်တော်လေး စိတ်လှုပ်ရှားနေခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။
“Make a Wish (Birthday Song)” ဂီတဗီဒီယိုအပေါ် NCT U ရဲ့ Reaction ဗီဒီယိုကို အင်္ဂလိပ်စာတန်းထိုးနဲ့ Youtube မှာလည်း ကြည့်နိုင်ပါတယ်။
#YuNandarHtun
ဆက်စပ်နေသော ရေးသားချက်များ
-
NCT U 엔시티 유 'Make A Wish (Birthday Song)' Dance Practice
-
NCT U 엔시티 유 'From Home' MV
-
ကိုယ်ပိုင် IG အကောင့်တွေဖွင့်ခဲ့တဲ့ NCT အဖွဲ့ဝင် Jaemin နဲ့ Doyoung
နောက်ထပ် NCT အဖွဲ့ဝင်နှစ်ယောက်က IG အကောင့် ဖွင့်ခဲ့တာ ဖြစ်ပါတယ်။
-
Radio Romance ဇာတ်လမ်းတွဲမှ NCT U အဖွဲ့ဝင် Taeil နှင့် Doyoung တို့ သီဆိုထားသော ဇာတ်ဝင်တေး
Radio Romance ဇာတ်လမ်းတွဲမှ NCT U အဖွဲ့ဝင် Taeil နှင့် Doyoung တို့ သီဆိုထားသော ဇာတ်ဝင်တေး
ရုပ်သံကြည့်ရန်